Elephant မတိုင်ခင် Eurus ကစားခဲ့တဲ့ အသင်းတွေနဲ့ ရရှိထားတဲ့ အောင်မြင်မှုများ

//s9.kh1.co/95/956d4b71704e2099c32311e3eee1af5513f736aa.jpg
အားကစားသတင်းများ

 ၁၃-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

photo credit - liquipedia
photo credit - liquipedia

China region ရဲ့ အကောင်းဆုံး carry players တွေထဲက တစ်ယောက်ဖြစ်တဲ့ Eurus (Paparazi) ကတော့ 1996 ခုနှစ် 6 လပိုင်း 27 ရက်နေ့မှာမွေးဖွားခဲ့တာပဲဖြစ်ပါတယ်။

သူ့ရဲ့နာမည်အရင်းကတော့ Zhang Chengjun ပဲဖြစ်ပြီး သူ Dota 2 pro Scene ပေါ်ရောက်လာတာကတော့ 2015 ခုနှစ်ထဲကဖြစ်ပါတယ်။

ပထမဆုံးကစားခဲ့တဲ့ team ကတော့ Immortal Magneto Gaming ဖြစ်ပြီး 2015 ခုနှစ် 6 လပိုင်း 1 ရက်နေ့ကနေ 2015 ခုနှစ် 9 လပိုင်း 4 ရက်နေ့ထိကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Eurus ဟာ Team FanTuan ကိုရောက်ရှိခဲ့ပြီး 2016 ခုနှစ် 1လပိုင်း 20 ရက်နေ့အထိ ၎င်းအသင်းမှာကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ Invictus Gaming ကိုရောက်ရှိခဲ့ပြီး ၎င်းအသင်းမှာ 2 လလောက်ကစားခဲ့ပြီးနောက် 2016 ခုနှစ် 3 လပိုင်း 19 ရက်နေ့မှာ iG Vitality ကိုရောက်ရှိခဲ့ပါတယ်။

iG Vitality မှာ Eurus ဟာ 6 လလောက်ကစားပြီးတဲ့နောက် 2017 ခုနှစ် 9 လပိုင်း 6 ရက်နေ့မှာ Vici Gaming ကိုရောက်ရှိလာခဲ့ပါတယ်။

Eurus ဟာ Vici Gaming မှာ သုံးနှစ်လောက်ကစားခဲ့ပြီး သူကစားခဲ့တဲ့ သုံးနှစ်အတွင်းမှာလည်း အကောင်းဆုံး performance တွေကိုပြသခဲ့ပြီး အောင်မြင်မှုတွေများစွာကိုလည်း ရယူနိုင်ခဲ့ပါတယ်။

Eurus ဟာ Vici Gaming အတူ

Dota2 Professianal League Season5

StarLadder ImbaTV Dota2 Minor Season 1

DreamLeague Season 11

EPICENTER MAJOR 2019 တို့မှာ 1ST PLACE

ESL One Katowice 2018 မှာ 2nd place

MDL Changsha Major 2018 မှာ 3rd place

The International 2018 မှာ 9-12th place

The International 2019 မှာ 5-6th place တို့ကိုရယူနိုင်ခဲ့ပါတယ်။

အဲ့ဒီနောက် 2020 ခုနှစ် 11 လပိုင်း 16 ရက်နေ့မှာတော့ Eurus ဟာ Vici Gaming ကနေထွက်ခွာခဲ့ပြီး Elephant ကိုပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်ထိ Elephant မှာကစားနေဆဲဖြစ်ပါတယ်။

Elephant နဲ့အတူတော့ Eurus ဟာ

OGA Dota Pit Season 4: China နဲ့

China Dota 2 Pro Cup Season 2 တို့မှာ 1st place

CDA-FDC Professional Championship မှာ 2nd place

CDA-FDC Professional Championship Season 2 မှာတော့ 5-6th place တို့ကိုရယူနိုင်ထားပါတယ်။

Eurus ရဲ့ signature hero တွေကတော့ Lifestealer , Seven နဲ့ Slark တို့ဖြစ်ပြီး သူ့ရဲ့ကစားသမားဘ၀ total earnings ကတော့ $1,013,446 USD ရှိနေပြီပဲဖြစ်ပါတယ်။

သတင်း အရင်းအမြစ်liquipedia

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T