ရုံတင်စံချိန်ချိုးနိုင်ခဲ့တဲ့ Wonder Woman ကိုတော့ နံပါတ် 2 ထပ်မံထွက်ရှိလာမယ်ဆိုပြီး ဇာတ်ကြောင်းအကျဉ်းချုပ်လဲ ပေါက်ကြားခဲ့ပါတယ်။

၁၉၈၀ ဝန်းကျင်က ဖက်ရှင်ပုံစံတွေနဲ့ ပြန်လည်ကြည့်ရှုခံစားရမှာလားဆိုတာတော့မသေချာသေးပါဘူး။ Wonder Woman 1 ကတော့ စံချိန်တင် ဝင်ငွေ ဒေါ်လာသန်း ၇၀၀ ကျော် နဲ့ နာမည်ကြီးအောင်မြင်နေတဲ့ ဇာတ်ကားဖြစ်ပါတယ်။Amazon ရဲ့ ကောလာဟာလ သတင်းတစ်ပုဒ် Screen Rant အရ Wonder Woman 2 မှာ 1980 လောက် စစ်အေးတိုက်ပွဲ ကာလ ဆိုဗီယက်ပြည်ထောင်စုနဲ့ တိုက်ပွဲဖြစ်နေတာကိုကိုပြန်လည် နောက်ခံထားပါတယ်လို့ပြောထားပါတယ်။

Wonder Woman 1 မှာ မင်းသားဟာ ပေါက်ကွဲမှုထဲပါသွားတယ်ဆိုပေမဲ့ သူသေသွားတဲ့ ပုံစံကိုမပြထားပါဘူး။ ဒီပေါက်ကွဲမှုဟာ တစ်ခြားတစ်နေရာကို ရောက်သွားတဲ့လမ်းကြောင်းဖြစ်နေမလား။ပြီးတော့ မင်းသားနဲ့မင်းသမီး ရဲ့အချစ်ဇာတ်လမ်းကိုနောက်တစ်ကြိမ်ခံစားရမလား စိတ်ကူးယဉ်ရင် Wonder Woman 2 ကို စောင့်နေရတော့မှာပါ။ ဒါ့အပြင် Wonder Woman 2 အတွက် မင်းသမီး Gal Gadot ဟာ သရုပ်ဆောင်ကြေး ပိုမိုတောင်းခံထားတယ်လို့လဲ ကောလာဟာလကြားရပါတယ်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။