အချစ်ရေးနဲ့ ပတ်သတ်လို့ နှင်းဆီအငြိမ့်အဖွဲ့ထဲမှာရော ရုပ်ရှင်တွေထဲမှာပါ ယောကျာ်းမိန်းမပရိသတ်တွေ သဘောကျချစ်ကြတဲ့ အမြဲတမ်းရယ်နေရအောင် လုပ်ပေးနေတဲ့ ထွန်းထွန်းက သူ့ရဲ့ အချစ်ရေးအကြောင်းကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟခဲ့ပါတယ်။

“ပြောရမယ် ဆိုရင် ကျွန်တော့် အရွယ်က အချစ်ကို လိုက်ရှာပြီး ဆော့ ကစားရမယ့် အရွယ် မဟုတ်တော့ ဘူးလေ။ အချစ်က ကျွန်တော့်ကို လာရှာရမယ့် အရွယ်။ ကျွန်တော်က အချစ်ကို ထိုင်စောင့် ရမယ့်အရွယ်လို့ ပြောရမှာပေါ့။ အခုချိန်မှာ ကျွန်တော်အ လုပ်ကို ပိုကြိုးစားရမယ့်အရွယ် ဖြစ်တဲ့ အတွက် အချစ်ရေး ကိစ္စတွေက လွန်ခဲ့တဲ့ အသက် ၂ဝ ဝန်းကျင် မှာ ထားခဲ့ပါပြီ။ အလုပ် ကောင်းကောင်း ပြန် လုပ်ကိုင် နေတဲ့ အချိန်ဖြစ်တဲ့ အတွက် အချိန် သိပ်မပေးချင်တော့ ဘူး။ ရည်းစား လည်းထားဖို့ အစီအစဉ် မရှိသေးဘူး။ အခုချိန်မှာ တစ် ယောက်တည်းပဲ အေးအေးဆေး ဆေးနေပြီးတော့ အလုပ် လုပ်နေရ တာ အဆင်ပြေနေပါတယ်” လို့ ရုပ်ရှင်သရုပ်ဆောင် ထွန်းထွန်းက ပြောကြားခဲ့ပါတယ်။ 

လက်ရှိ အချိန်မှာတော့ သူ့အနေ နဲ့ ရုပ်ရှင်ဘက်ကို အာရုံ စိုက်ဖြစ်နေပြီး ဂီတပိုင်းအတွက် အခွေထွက်ဖို့အစီ အစဉ်ရှိပေမယ့် ကြာဦးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။ အနုပညာ လုပ်ငန်းတွေကို ပြန်လည် လုပ်ကိုင်တဲ့ အချိန်မှာ ပိုမိုကြိုးစား လုပ်ကိုင်နေသလို အားပေးတဲ့ ပရိသတ်တွေ အား မလို အားမရမဖြစ်စေ ဖို့ နဲ့ အမှားမရှိဖို့ ကြိုးစားနေကြောင်းလည်း ပြော ပြခဲ့ပါတယ်။

Source : Popular

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။