ကမ္ဘာကျော်ကုမ္ပဏီကြီးတွေဖြစ်တဲ့ Facebook နဲ့ Google တို့ရဲ့ အတွင်းပိုင်းလုပ်ငန်းအနေအထားလေ့လာဆန်းစစ်မှု။

၁။ ပျော်ရွှင်မှု

စကားတစ်ခွန်း ရှိပါတယ်။ အောင်မြင်တိုင်းလည်း ပျော်ရွှင်တာ မဟုတ်သလို ပျော်ရွှင်မှု ရတိုင်းလည်း ကိုယ့်ရဲ့ အိပ်မက်ထဲ က အလုပ် မဟုတ်ပါဘူး တဲ့။ Dream Job ရဲ့ သဘောတရားကို စိစစ်တဲ့အခါမှာ လုပ်ငန်းခွင်မှာ ဘယေ်လာက် ပျော်ရွှင်သလဲ ဆိုတဲ့ အချက်နဲ့ပဲ တိုင်းတာလေ့ရှိပါတယ်။ အဲဒီအချက်အလက် အရ ဆိုရင်တော့ Facbookers တွေ ဟာ အတိုင်းထက် အလွန် ပျော်ရွှင်ကြရပြီး သူတို့ဟာ သူတို့ရဲ့ အလုပ်ကို ချစ်မြတ်နိုးကြတယ် လို့ ဆိုပါတယ်။ လုပ်ငန်းခွင်တွင်း ပျော်ရွှင်မှု နှုန်းကို စစ်ကြည့်တဲ့အခါမှာ Google ဝန်ထမး်တွေ ဟာ ၈၄ ရာခိုင်နှုန်းလောက် က လုပ်ငန်းခွင်မှာ ပျော်ရွှင်မှု ရရှိကြပြီး ဖေ့စ်ဘုတ်ဝန်ထမ်း ၉၃ ရာခိုင်နှုန်း လောက် က လုပ်ငန်းခွင် မျာ ပျော်ရွှင်ကြတယ် လို့ ဆိုပါတယ်။ " ကမ္ဘာပေါ်မှာ ရှိတဲ့ လူတွေထဲမှာ ကျွန်တော် ဟာ ကံကောင်းတဲ့ဝန်ထမ်းတစ်ယောက်ပါပဲ .." လို့ Facebook Data Scientist တစ်ယောက် က သူရဲ့ အလုပ်မှန်မှာ ရေးသားထားခဲ့ပါတယ်။

၂။ လွတ်လပ်မှု

လွတ်လပ်မှု နဲ့ ပျော်ရွှင်မှု ဟာ ကွဲပြားပါတယ်။ တချို့အလုပ်တွေ က လွတ်လပ်မှု ရှိပေမယ့် လစာနည်းတာတို့ ၊ တခြား အခွင့်အရေးတွေ မရှိတာတို့ကြောင့် မပျော်ရပါဘူး။ တချို့ကလည်း လစာတော့ ကောင်းပါရဲ့ ..၊ လုပ်ငန်းခွင် စည်းကမ်း တင်းကျပ်လွန်းအားကြီးတာကြောင့် မလွတ်လပ်ပြန်ပါဘူး။ Facebooker တွေကတော့ လွတ်လပ်မှုရော၊ ပျော်ရွှင်မှုရော ( ၂ ) မျိုးစလုံး ကို ခံစားရပါသတဲ့။ အဲဒါကို Facebook အကြီးတန်းအရာရှိဖြစ်တဲ့ Don Faul က ဝေါစထရိဂျာနယ် ကို ပြောခဲ့တဲ့ နေရာမှာ Google နဲ့ နှိုင်းယှဉ်ပြီး ပြောပြခဲ့ပါတယ်။ ဥပမာ အားဖြင့် ဝန်ထမ်းတွေကို မန်နေဂျာ က စီမံခန့်ခွဲပါတယ်။ ဒါပေမယ့် အဲဒီ မန်နေဂျာရာထူး ဟာ ထာဝရ မဟုတ်ပါဘူး။ ၃ လ တစ်ကြိမ်၊ ဒါမှမဟုတ် ဝန်ထမ်းတွေရဲ့ မေးခွန်တွေ နဲ့ အခက်အခဲတွေကို မဖြေရှင်းနိုင်ခဲ့ရင် အလှည့်ကျတာဝန်ယူရတဲ့ (မဲ စနစ်နဲ့) ရာထူးပုံစံ တည်ဆောက်ထားပါတယ်။ ဒါကြောင့် ပရောဂျက်တစ်ခုအတွင်းမှာ မန်နေဂျာ ဆိုတာ မရှိဘဲ ဘယ်သူမဆို မန်နေဂျာ ဖြစ်လာနိုင်ပါတယ်။ မန်နေဂျာအဖြစ် လက်အောက်က ဝန်ထမ်းတွေက ဝိုင်းဝန်းရွေးခြယ်လိုက်ပြီ ဆိုတာနဲ့ သူ့ကို အပေါ်က သက်ဆိုင်ရာ အရာရှိတွေက အသိအမှတ်ပြုပြီး အမှားအယွင်းတစ်စုံတရာ မရှိမချင်း လစာ နဲ့ ခံစားခွင့်တွေ ပေးအပ်ထားပါတယ်။

၃။ ငွေကြေး

ငွေကြေးတဲ့လား ။ လစာ ကို ပြောတာ ထင်တယ်။ အဲဒီစကား က Facebookers တွေနဲ့ Googlers တွေကို မခန့်တာပဲ။ ငွေကြေး ဟာ အရာရာကို အစားမထိုးနိုင်ဘူး ဆိုတဲ့ စကား ဟာ တကယ်တမ်းမှာ အလုံးစုံမမှန်ပါဘူး။ ငွေကြေး ဟာ အတိုင်းအတာ တစ်ခုတော့ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ကိုလီဘံယာတက္ကသိုလ် နဲ့ မီချီဂန်တက္ကသိုလ် က သုတေသနပညာရှင်တွေကတော့ ငွေကြေး လို့ ဆိုတဲ့ ဝန်ထမ်းတွေရဲ့ လစာ တွေ ဟာ ဝန်ထမ်းတွေကို အမှန်တကယ် ပျော်ရွှင်ဖွယ်မှု မပေးနိုင်ဘူး လို့ ဆိုပါတယ်။ ဖေ့စ်ဘုတ် နဲ့ ဂူးဂဲလ်မှာတော့ အဲဒီ အခက်အခဲတွေ မရှိပါဘူး။ အကြမ်းဖျင်းတွက်ချက်ကြည့်ရမယ် ဆိုရင် ဂူးဂဲလ် ဝန်ထမ်းဟာ လစာ ၁၃၃၀၀၀ ရရှိပြီး ဖေ့စ်ဘုတ်ဝန်ထမ်း ကတော့ လစာ ၁၃၅၀၀၀ ရရှိပါတယ်။ အဲဒီအပြင် Facebook ဝန်ထမ်းတွေ ဟာ စျေးကွက်ရှယ်ယာ ရဲ့ ၁၇ ရာခိုင်နှုန်းကို စျေးကွက်ဝေစု ရရှိပြီး Google ကတော့ ၁၀ ရာခိုင်နှုန်း ရှယ်ယာဝေစု ပေးပါတယ်။ အဲဒီအတွက် ဝန်ထမ်းတိုင်း ဟာ သူတို့ရဲ့ ကုမ္ပဏီလို့ ခံယူပါတယ်။ ဒါဟာ ငါ ပိုင်တဲ့ ကုမ္ပဏီ... ဒါကြောင့် ငါ ကြိုးစားမယ် ဆိုတဲ့ စိတ်ဓါတ်တွေဟာ ဝန်ထမ်းတိုင်းမှာ ရှိပါတယ်။

၄။ ဖိအားနည်းပါးမှု

ဂူးဂဲလ် ကိုရော ၊ ဖေ့စ်ဘုတ်ကိုရော ဝန်ထမ်းလောကမှာ နာမည်ကြီးစေတဲ့ အချက်တစ်ချက် က ဖိအားနည်းပါးမှု ပါပဲ။ အဲဒါ ဟာ ဝန်ထမ်းတိုင်း စိတ်ဝင်စားတဲ့အချက် ၁ ချက် ပဲ ဖြစ်ပါတယ်။ ဝန်ထမ်းအများအပြား ဟာ ကြိုးစားလိုစိတ်ရှိပေမယ့် တစ်ဖက်မှာတော့ ဖိအားဒဏ်ကို မခံနိုင်ကြပါဘူး။ ဖိအားကင်းကင်း နဲ့ လွတ်လွတ်လပ်လပ် ရှင်သန်လိုတဲ့ စိတ်ခွန်အားတွေ ဟာ ဝန်ထမ်းတိုင်းမှာ ရှိပါတယ်။ Facebook မှာရော၊ Google မှာရော အဲဒီလို ဝန်ထမ်းတွေနဲ့ ပြည့်နှက်နေတာပါ။ ဆီလီကွန်တောင်ကြား က ကုမ္ပဏီတွေကိုရော၊ နည်းပညာစက်မှုလောက က စက်ရုံတွေ၊ ကုမ္ပဏီတွေ မှန်သမျှကို Survey ဆင်းပြီး အချက်အလက်တွေကို တောင်းခံပြီး အကဲဖြတ်လိုက်တဲ့အခါမှာတော့ Google/Facebook ကုမ္ပဏီ ၂ ခု စလုံးဟာ ဖိအားနည်းပါးပါတယ်။ ဖိအားဝင်လာခဲ့ရင်လညး် ဖြေဖျောက်စရာ မိတ်ဆွေအပေါင်းအသင်း တွေ ရှိနေပါတယ်။ ဖိအား ဒဏ်ကို ဆေးပညာ ရှုထောင့်ကနေ ကူညီဖြေရှင်းပေးမယ့် ဆရာဝန်တွေလည်း ရှိနေပါတယ်။ ဖိအားဒဏ်တွေ ကို ပယ်ပျောက်သွားစေမယ့် ရုပ်ဝတ္ထုပစ္စညး်တွေ မှန်သမျှကိုလည်း ကုမ္ပဏီ ၂ ခုစလုံးမှာ တည်ရှိနေပါတယ်။ Facebookers ၁၁ ရာခိုင်နှုန်း က သူတို့ ကုမ္ပဏီ ဟာ စိတ်ဖိစီးမှု မပေးဘူး လို့ ထင်ကြပြီး Googlers ၉ ရာခိုင်နှုန်း ကတော့ ဖိအား ဒဏ် ကင်းတယ် လို့ ဆိုပါတယ်။

၅။ အခြား အခွင့်အရေး

လုပ်ငန်းရှင်တိုင်း ဟာ ဝန်ထမ်းတိုင်း ကို other oppurtunities လို့ ပြောရင် bonus လို့ ပြေးမြင်လေ့ရှိပါတယ်။ အမှန်တော့ မဟုတ်ပါဘူး။ လုပ်ငန်းခွင်အတွင်း မှာ ရှိတဲ့ အခြား အခွင့်အရေး ဆိုတာ တွေ က ဒီလိုပါ။ တချို့ အလုပ်တွေ က ..ဆိုပါစို့ .. စတိုးဆိုင် ဆိုပါစို့ ...။ အဲဒါမျိုး ဆိုရင် ဝန်ထမ်းတွေ က တိုလီမုတ်စ ပစ္စည်းလေးတွေကို မက်မောတတ်ကြပါတယ်။ တကယ်တမ်းပြောရရင် ဘယ်လောက်မှ မတန်ပါဘူး။ ဒါပေမယ့် သူတို့ လိုချင်ရှာတယ် လို့ ဝန်ထမ်းပေါင်း များစွာကို လေ့လာခဲ့တဲ့ စိတ်ပညာရှင်ဆရာဝန်တွေ က ပြောပါတယ်။ နောက်ဆက်တွဲအနေနဲ့ သူတို့ မှာ ရောင်းနေလျက်နဲ့ ပိုင်ဆိုင်ခွင့် မရှိကြဘူး။ တချို့ လုပ်ငန်းရှင်တွေ ကတော့ အကင်းပါးတယ်။ အောင်မြင်မှုကို ငွေနဲ့ လဲလှယ်လေ့ရှိပါတယ်။ တတ်နိုင်သလောက် ပေါ့ ။ မော်ဒယ် လည်း သိတ်မအောက်သေးဘူး ဆိုရင် အထည် ၊ အဝတ်၊ နှုတ်ခမ်းနီ၊ စတဲ့ ပစ္စည်းတွေကို မဲဖောက်ပေးလေ့ရှိပါတယ်။အဲဒီလိုမျုုိးနည်း နဲ့ နယူးယောက် စတိုးဆိုင်တွေ ဟာ လစာနည်းပေမယ့်လည်း ဝန်ထမ်းမြဲနေကြတယ် လို့ ဆိုပါတယ်။

ဖေ့စ်ဘုတ် မှာရော ၊ ဂူးဂဲလ်မှာရော တခြား အခွင့်အရေး တွေ အများကြီးပါ။ဗိုက်ဆာသလား။ အသီးအနှံစားချင်သလား။ အိမ်ကနေ အလုပ်ကို သက်သက်သာသာ နဲ့ လာချင်သလား ။ အလုပ်ထဲမှာ ငြီးငွေ့လို့ ရေချိုးချင်သလား ။ အဲဒီရေ ကို ဘယ်လို ချိုးသလဲ။ ရေပူ၊ ရေအေး လား။ ဒါမှမဟုတ် ရေလွှာလျှောစီးပြီး တစ်နာရီလောက် အပန်းဖြေပြီးမှ ကိုယ့်လုပ်ချင်တာ ကို ပြန်လုပ်ချင်သလား ။ ရပါတယ်။

အဲဒီလိုမျိုး ဝန်ထမ်းကို အလိုလိုက်တာ နဲ့ ပတ်သက်ပြီး ဖေ့စ်ဘုတ် နဲ့ ဂူးဂဲလ် ၊ ကုမ္ပဏီ ၂ ခု စလုံးက ပြိုင်နေတယ် လို့ တောင် ပြောလို့ရတယ်။ဝန်ထမ်းတွေ ရဲ့ ပုဂ္ဂလိက ဘဝ ကို ပါ တာဝန်ယူတယ်။ ဥပမာ ကလေးမိခင်တွေ ဟာ တခြားသူ အနှောက်အယှက်မဖြစ်စေဘူး ဆိုရင် လုပ်ငန်းခွင်ကို ကိုယ့်ရဲ့ သားသမီးတွေကို ခေါ်ဆောင်လာခွင့်ရှိတယ်။

သက်ဆိုင်ရာ အဖွဲ့အလိုက် ဧည့်သည်တွေ့ဆုံဖို့အတွက် နှစ်သက်ရာ ဧည့်ခန်းဆက်တီတွေ ထားပေးထားတယ်။

ဖေ့စ်ဘုတ် က ခွင့်ကို ၄ လ အထိ ယူခွင့်ပေးထားတယ်။ ဂူးဂဲလ် က ခွင့်ကို ၁၈ ရက်အထိ ယူခွင့်ပေးထားတယ်။

ကုမ္ပဏီတိုင်းလိုလိုမှာ စာကြည့်တိုက် လုပ်ပေးထားပေမယ့် အဲဒီ ကုမ္ပဏီတွေ အတွင်းမှာ တင်းနစ်ကုတ် ၊ ဘောလုံးကွင်း အသေးစား၊ ဒိုင်ဗင်စင် ပါတဲ့ ရေကူးကန်၊ လမ်းလျှောက်အပြေးလေ့ကျင့်ဖို့နေရာ၊ ...စတဲ့ ကျန်းမာရေးအတွက် အားကစား မျိုးစုံ လုပ်နိုင်တဲ့ နေရာတွေ အများကြီး ထားပေးထား

တယ်။

ဒါတွေဟာ Facebook နဲ့ Google ကို နမူနာယူပြီး ဗဟုသုတရစေရန် တစ်ဆင့်ပြန်လည်တင်ပြထားတဲ့ အတွင်းလုပ်ငန်းခွင်ဆိုင်ရာ အချက်အလက်တစ်ချို့ပါ။ အောင်မြင်တဲ့ နိုင်ငံတကာကိုထိုးဖောက်နိုင်တဲ့ ကုမ္ပဏီကြီးတစ်ခုဖြစ်ဖို့အတွက် အပေါ်ကအချက်တွေကို အလေးအနက်ထားလုပ်ဆောင်ဖို့လိုပါတယ်။ အချက်အလက်များ မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါတယ်။

သတင်းအရင်းမြစ် MyMedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။