မကြာသေးခင်က သူမရဲ့ ရှိုးပွဲမှာ ဗုံးပေါက်ကွဲခဲ့လို့ ပရိသတ်များစွာ အသက်ဆုံးရှုံးခဲ့ပြီး ယခုတစ်ခါမှာလဲ ခြိမ်းခြောက်မှုတစ်ခု ထပ်မံပေါ်လာခဲ့ပါတယ်။

ခြိမ်းခြောက်သူယောက်ျားလေးဟာ  ကိုလံဘီယာသား Caicedo Lopez ဆိုသူဖြစ်ပြီး သူဟာအခြားကြီးမားတဲ့အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ ပတ်သက်မှုရှိမရှိ ဆက်လက်စုံစမ်းနေတယ်လို့ Costa Rica အာဏာပိုင်တွေက ကြေငြာထားပါတယ်။မေလ ၂၂ နေ့မှာ Ariana ရဲ့ မန်ချက်စတာ ရှိုးပွဲဟာ အကြမ်းဖက် တိုက်ခိုက်ခံရတဲ့အတွက် လူ ၂၂ ယောက်သေဆုံးခဲ့ပြီး သူမရဲ့ပရိတ်သတ်တော်တော်များများ ဒဏ်ရာရရှိခဲ့ကြပါတယ်။

အဆိုပါ ယောကျာ်းလေးကို Ariana Grande ရဲ့ Costa Ricaနိုင်ငံ Alajuela ဂီတပွဲတော်ကို တိုက်ခိုက်မယ်လို့ သံသယရှိတဲ့အတွက် ရဲက ဖမ်းဆီးထားပါတယ်။ရှိုးပွဲကတော့ တနင်္ဂနွေညကပဲ ဘာနှောက်ယှက်မှုမှမရှိပဲ ပျော်ရွှင်စွာ ပြီးဆုံး ခဲ့ပါတယ်။

သတင်းအရင်းမြစ် MODA

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။