Zombie တွေဘေးကနေ လွတ်စေနိုင်ပြီး ကင်းဝေးစေနိုင်မယ့် အိမ်ဒီဇိုင်းများ

//s9.kh1.co/52/528f91731f4214c49fe728b9377fc2e62a712f5d.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာကြီးမှာ ဘယ်နေ့ဘာဖြစ်လာမလဲဆိုတာ မသိကြပါဘူး။ အဲ့တော့ လူတွေကလဲ Zombie ဘေးကနေလွတ်အောင် အဆောင်အအုံ့တွေကို အဆင့်မြင့်တည်ဆောက်ခဲ့ပါတယ်။ ကံကောင်းချင်တော့ Zombie တွေက ဦးနှောက်မရှိတာပဲ။ အဲ့တော့ခုဖော်ပြသွားတဲ့ အိမ်ပုံစံ အဆောက်အအုံတွေက သင့်ကို Zombie ရန်ကနေ လွတ်စေပါတယ်။ အထပ်အဆင့်အဆင့်တွေပါတဲ့ တိုက်ကသင့်ကို Zombie တွေဘေးကနေလွတ်စေမှာပါ..သူတို့က လှေကားတွေမတက်တက်ရင်ပေါ့။ သင်ရဲ့အိမ်က ရေပေါ်မှာ သွားလာနိုင်အောင် ဆောက်ထားတယ်ဆိုရင်တော့ Zombie ဘေးကနေလွတ်နိုင်ပါတယ်။ သူတို့မှ ရေးမကူးတက်ကြတာ....။ 

https://s9.kh1.co/__image/w=600,h=489,q=100/0c/0c3f6332b5bc6e2dcdaa8708468cdd305fa702d1.jpg
https://s9.kh1.co/__image/w=600,h=449,q=100/f0/f0aae6495c8ffba5dd6e205e3b2963e69854773b.jpg
https://s9.kh1.co/__image/w=600,h=596,q=100/45/45f8dfd22235d11f38eb2f59a56563e63a220e3a.jpg

ပုံမှာတွေ့တဲ့အတိုင်း အိမ်ကို နံရံတွေနဲ့ စနစ်ကျကျကာလိုက်မယ်ဆိုရင်တော့ ဘယ်ကောင်မှ မလာနိုင်တော့ပါဘူး။ ဦးနှောက်တော်တော်ကောင်းတဲ့ ကောင်သာလျှင်ဝင်လာနိုင်မှာပါ။ ပင်လယ်ရဲ့အလယ်မှာပဲဖြစ်ဖြစ် အဲ့လိုနေရာမှာဆောက်ထားရင်လဲ ကြောက်စရာကောင်းတဲ့ ဦးနှောက်မရှိတဲ့ အကောင်တွေကနေ လွတ်နိုင်ပါတယ်။ ကမ်းရိုးတန်းနဲ့ ဝေးတဲ့နေရာမှာဆိုရင်တော့ ပိုကောင်းပါတယ်။ မြေအောက်အိမ်ကို စနစ်တကျဆောက်ထားပြီး နေမယ်ဆိုရင်လဲ Zombie ဘေးကနေ လွတ်နိုင်ပါတယ်။  

https://s9.kh1.co/__image/w=600,h=400,q=100/74/7428b4e1c8ace7666756df32394dc7e81aa213fc.jpg
https://s9.kh1.co/__image/w=600,h=681,q=100/27/278cc6b7bc0747aa799a6945dac3c4c5cce1d6d6.jpg
https://s9.kh1.co/__image/w=600,h=347,q=100/2c/2c2315419a5b9843ac3e517cab07fd5b93146308.jpg

သင်သာ သူဋ္ဌေးတစ်ယောက်ဖြစ်ရင် ကျွန်းတစ်ကျွန်းကို ဇိမ်းကျကျနေလို့ရအောင် ပြင်ဆင်ထားပြီး သွားနေလိုက်ပါ။ လူအများကြီးနေလို့ရတဲ့ကျွန်းမဟုတ်ပဲ သင့်ရဲ့ သီးသန့်နယ်မြေတစ်ခုအဖြစ်ပေါ့။ အိမ်ကို ပတ်ဝန်းကျင်နဲ့အတူ ထပ်တူကျအောင် ဆောက်ထားတာလဲ ပေါ်တင်ဆိုပေမဲ့ Zombie တွေမှာ ဦးနှောက်မရှိတာမို့ ရှာမတွေ့စေရန် သင်အနေနဲ့တော့ အသံမထွက်အောင်ပဲ နေဖို့လိုပါတယ်။ အဲ့လိုမျိုးပုံထဲမှာပြထားတဲ့အတိုင်း ကွင်ပြင်းထဲမှာ အလိုက်သင့်လေးအိမ်ဆောက်နေလိုက်တာကလဲ သင့်ကို Zombie ဘေးကနေလွတ်စေပါတယ်။  

https://s9.kh1.co/__image/w=600,h=400,q=100/4c/4c16d27c78293200eb01dcdaaecab0f30e36fafa.jpg
https://s9.kh1.co/__image/w=600,h=450,q=100/9e/9e8f94c629e546150747863d6483e5740bc2a50f.jpg

သတင်း အရင်းအမြစ်Bloggers Arena

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T