အခုလို မိုးရာသီမှာ ကိုယ့်ကိုကိုယ် သတိမထားမိဘဲ ဘာတွေ လုပ်ဖြစ်တတ်ကြလဲ? လူအများစုကရော ဘာတွေ လုပ်နေကြလဲ? ငါရော မိုးရာသီမှာ ဘာလုပ်ရင် ကောင်းမလဲ? စသည်ဖြင့် မိုးရာသီမှာ အများဆုံးလုပ်လေ့လုပ်ထ ရှိတာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ကော်ဖီဆို်င်တွေနဲ့ Bar တွေမှာ သောက်လေ့ရှိတယ်

မိုးရာသီနဲ့ အလိုက်ဖက်ဆုံးက ကော်ဖီလို့တောင် ပြောလို့ ရပါတယ်။ ကော်ဖီကြိုက်တဲ့သူ အနေနဲ့ဆိုရင်တော့ မိုးရာသီမှာ တခြားအချိန်တွေထက် ကော်ဖီပိုသောက်လေ့ ရှိကြပါတယ်။ Beer တို့ Wine တို့ ကြိုက်တဲ့သူ အနေနဲ့ကည်း ဒီရာသီက သူတို့အတွက် အချိန်ကောင်းပါပဲ။

(၂) Hot pot သွားစားလေ့ ရှိတယ်

Hot Pot က သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေ၊ မိသားစုတွေနဲ့ ပျော်ပျော်ရွှင်ရွှင် သွားစားလို့ ကောင်းတဲ့ အစား အသောက်တစ်ခုဖြစ်တာကြောင့် မိုးရာသီမှာ အများစုက Hot Pot သွားစားလေ့ ရှိကြပါတယ်။

(၃) Spa တွေမှာ အပန်းဖြေလေ့ရှိတယ်

ဇိမ်ခံ အရမ်းကောင်းလို့ ရာသီထဲမှာ မိုးရာသီက ထိပ်ဆုံးပါပဲ။ Spa မှာ အသားအရေ ပြုပြင်တာဖြစ်ဖြစ်၊ အနှိပ်ခံတာဖြစ်ဖြစ် အနားယူလေ့ ရှိကြပါတယ်။

(၄) အိမ်ထဲမှာပဲ သူငယ်ချင်းတွေစုပြီး ဟင်းချက််စားကြတယ်

ရုံးပိတ်ရက်တွေမှာဆို သူငယ်ချင်းတွေနဲ့ အပြင် လျှောက်သွားလို့ မကောင်းတာက မိုးရာသီပါပဲ။ ဘယ်နေရာသွားသွား စိုစွတ်နေတာမို့ ဒီလိုရာသီဥတုမှာ အိိမ်ထဲမှာပဲ သူငယ်ချင်းတွေစုပြီး ဟင်းချက်စားလေ့ ရှိကြပါတယ်။

(၅) Shopping Center သွားလေ့ ရှိတယ်

အပြင် မသွားရ မနေနိုင်သူများ အတွက်ကတော့ မိုးရာသီမှာ ခဏ ခဏ သွားဖြစ်တာ Shopping Center ပါပဲ။ စျေးဝယ်ထွက်မယ်။ အဲ့ဒီ Center မှာပဲ မုန့်စားမယ်။ ရုပ်ရှင်ကြည့်မယ် စသည့်ဖြင့်ပေါ့။ လုံလုံခြုံခြုံ၊ မိုးရေမစိုဘဲ လိုချင်တာ ရတဲ့ နေရာမို့့ Shopping Center သွားတတ်ကြပါတယ်။

(၆) အိမ်မှာပဲ အခွေတွေ ဝယ်ပြီး ထိုင်ကြည့်တယ်

ဒါကတော့ အများစု လုပ်ဖြစ်တဲ့ အရာပါပဲ။ တစ်ချို့ဆို မိုးဦးကတည်းက အခွေတွေ စုထားတတ်ကြပါတယ်။ မကြည့်ရသေးတဲ့ အခွေတွေရော၊ အရမ်းကြိုက်တဲ့ အခွေတွေရော မိုးရာသီမှာ ခဏ ခဏ ကြည့်ဖြစ် တတ်ပါတယ်။ မိုးရွာတုန်း ကော်ဖီလေးသောက်ပြီး တီဗီကြည့်ရတာ ဇိမ်တစ်ခုပါပဲ။

(၇) စာအုပ်ဖတ်လေ့ ရှိတယ်

စာအုပ် ကြိုက်တဲ့သူတွေကလည်း အခွေကြည့်တဲ့ သူတွေလိုပါပဲ။ စုထားသမျှ စာအုပ်တွေ အားလုံးကို မိုးတွင်းမှာ ဖတ်ဖြစ်တတ်ကြပါတယ်။

(၈) ပညာရပ်တစ်ခုခုကို လေ့လာတယ်

အိမ်ထဲမှာပဲ နေပြီး အာရုံစူးစိုက်အား ကောင်းတာကြောင့် ကိုယ် မသင်ဖြစ်သေးတဲ့ ပညာရပ် (သို့) ထပ်မံလေ့လာချင်သော ပညာရပ် စသည့်ဖြင့် လေ့လာလို့ အရမ်းကောင်းပါတယ်။ တခြား အချိန်တွေထက် မိုးတွင်မှာပဲ အိမ်ထဲအောင်းပြီး ပညာရပ်တစ်ခုခု လေ့လာခြင်းက မြန်မြန်တတ်မြောက်တယ်လို့ ထင်ကြပါတယ်။

(၉) စာရေးတယ်။

စာရေးတာ ၀ါသနာပါတဲ့သူအများစုကတော့ မိုးရာသီမှာ စာ အများဆုံးရေး ဖြစ်ပါတယ်။ ခံစားချက်တွေကို စာသားအဖြစ် ပြောင်းလဲပြီး ကဗျာတွေ စာတွေ ဖြစ်လာပါတော့တယ်။

(၁၀) အကြောင်းအရာတွေ အများကြီး စဉ်းစားဖြစ်တယ်။

ဒါကတော့ တစ်ချို့လူတွေဆို ကော်ဖီသောက်ပြီးတော့ ဖြစ်ဖြစ်၊ liquor တစ်ခုခု သောက်ပြီးတော့ပဲဖြစ်ဖြစ် အတွေးတွေ ဝေဖြာကြပါတော့တယ်။ ဘာကို လွမ်းမှန်းမသိ လွမ်းတာမျိုးကလည်း မိုးရာသီမှာပဲ ဖြစ်လေ့ ဖြစ်ထ ရှိတတ်ကြပါတယ်။ အချစ်ရေး၊ စီးပွားရေ၊ ဟိုအရေး ဒီအရေး စသည်ဖြင့် … အတွေးအားလုံးကို မိုးရာသီမှာ လုပ်လေ့ လုုပ်ထ ရှိကြပါတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။