အနုပညာရှင်များရဲ ့ရင်သွေးငယ်များပါဝင်ပုံဖေါ်ထားတဲ့ ဆယ်လီရုပ်ရှင်ဇာတ်ကားကြီး

ပရိသတ်ကြီးရေ နည်းပညာတွေထွန်းကားလာတဲ့ ဒီခေတ်ကြီးထဲမှာ ဖုန်းအသုံးပြုခြင်းကနေ အနာဂတ်ရဲ ့အမျိုးကောင်းသားသမီးလေးတွေ

လမ်းမှားမရောက်စေဖို ့အတွက် ပညာပေးဇာတ်ကားအဖြစ် ဆယ်လီရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာကျော်ဇောလင်း က ရိုက်ကူးပုံဖေါ်ခဲ့ပါတယ်။

ဒီဇာတ်ကားလေးကတော့ နည်းစနစ်တွေဆိုတာ သုံးတတ်ရင်ဆေး မသုံးတတ်ရင် ဘေးအန္တရာယ်အပြည့်ဖြစ်တယ်ဆိုတာကို ကျောင်းသားကျောင်းသူ

လူငယ်တွေနဲ ့မိဘတွေ သတိပြုဆင်ခြင်မိစေဖို ့ရည်ရွယ်ထားတာဖြစ်ပါတယ်။

ဖုန်းအသုုံးပြုမှုဟာ ကျောင်းသားလူငယ်တွေရဲ ့အနာဂတ်ပညာရေးပေါ်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိနိုင်လဲဆိုတာကို ဒီဇာတ်ကားထဲမှာ ပုံဖေါ်ထားတာကို တွေ ့မြင်နိုင်ပါတယ်။

နည်းပညာမုဆိုးရဲ ့သားကောင်မဖြစ်စေဖို ့အတွက်ရည်ရွယ်တင်ဆက်မယ့် ဆယ်လီ ဆိုတဲ့ ပညာပေးရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အဓိက သရုပ်ဆောင်တွေအနေနဲ ့ မောင်မင်းမြတ်၊ သက်ထားရွှေစင်၊ ဆုလတ်ရတနာ၊ ဒိန်းပိုပိုဒေါင်၊ ဖြိုးဖြိုး၊ မှုံနံသာကျော်ရဲအောင်၊ စန္ဒြာရွှေရည်၊ ပန်းနုပျိုမေ၊ မြင့်မြတ်သော်တာ၊ မြအိန္ဒြာလွင်တို ့က ပါဝင်ထားကြပါတယ်။

ကူညီအားဖြည့်သရုပ်ဆောင်ထားကြတဲ့ အနုပညာရှင်တွေကတော့ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ကိုပေါက်၊ ညီထွဋ်ခေါင်၊ မိုးပြည့်ပြည့်မောင်၊ နန်းခင်ဇေယျာ၊

ခင်ဝင့်ဝါ၊ ယွန်းရွှေရည်၊ မေမြတ်နို်းဦး နဲ ့အခြားအနုပညာရှင်များစွာတို ့ဖြစ်ကြပါတယ်။

ပရိသတ်ကြီးကလည်း မကြာခင်မှာ ရုံတင်ပြသတော့မယ့် ဒီ ဆယ်လီဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ အနုပညာရှင်တွေရဲ ့ရင်သွေးငယ်တွေနဲ ့ပရိသတ်ချစ်အနုပညာရှင်တွေက ဘယ်လို အကောင်းဆုံးပုံဖေါ်ထားကြလဲဆိုတာကို သွားရောက်ကြည့်ရှု ့အားပေးနိုင်ပါတယ်နော်… 

သတင်းအရင်းမြစ် ဆယ်လီရုပ်ရှင်ဇာတ်ကားကြီး

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။