အထိုင်များပီး အညောင်းမိနေသူတွေအတွက် ခုံလေးတစ်ခုံရှိရုံနဲ့ ပြုလုပ်လို့ရမယ့် လေ့ကျင့်ခန်းများ

//s9.kh1.co/ed/ed7c6c37fda9cc0894bb5e48c2830e15960d9f1e.jpg
ဗဟုသုတအဖြာဖြာ

 ၁၅-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

လုပ်ငန်းခွင်မှာအထိုင်များတဲ့သူတွေဟာ လေ့ကျင့်ခန်းသာပုံမှန်မလုပ်ဖြစ်ရင် ကြာလာရင်အညောင်းမိလာနိုင်ပါတယ်။အညောင်းမိလာပြီဆိုရင် ခါးနဲ့ ကျောရိုးတွေကိုက်လာတာ၊ ပခုံးတွေညောင်းညာတာတွေနဲ့ stress တွေများလာပြီး ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ အာရုံကောင်းကောင်းမစိုက်နိုင်တော့တာတွေ ဖြစ်လာနိုင်ပါတယ်။ဒ့ါကြောင့် လုပ်ငန်းခွင်မှာအထိုင်များပြီး အညောင်းမိသလိုဖြစ်နေတဲ့ ပရိသတ်တွေအတွက် ရုံးမှာနေရင်း ကိုယ်ထိုင်တဲ့ခုံနဲ့လွယ်လွယ်ကူကူ လုပ်လို့ရမယ့် လေ့ကျင့်ခန်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။

https://s9.kh1.co/__image/w=650,h=366,q=100/37/3728842fab5a5a0665f0608dd4619387a05412db.jpg

1.စိတ်ဖိစီးမှုကိုလျော့ကျအောင်လုပ်နည်း

ဒီလေ့ကျင့်ခန်းလေးကိုလုပ်မယ်ဆိုရင်တော့ ပထမဦးဆုံး ကိုယ့်ရဲ့ခုံပေါ်မှာ ခါးလေးကိုဆန့် ပုခုံးလေးကိုလျော့ပီး သက်တောင့်သက်သာထိုင်ပေးပါ။ပီးရင်တော့ လက်လေးနှစ်ဖက်ကိုပေါင်ပေါ်တင်ပီး လေကိုအရှည်ပြီးရှူသွင်းပေးပါ ၊ ပီးရင်ဖြည်းဖြည်းချင်းပြန်ထုတ်လိုက်ပါ။ ဒီလိုမျိုးသုံးခါလောက် ရှူသွင်းရှူထုတ်လုပ်လိုက်တာနဲ့ကို မိမိမှာရှိနေတဲ့ စိတ်ဖိစီးမှုတွေ တော်တော်လေးလျော့ပါးသွားတာကို ခံစားမိလာပါလိမ့်မယ်။

https://s9.kh1.co/__image/w=650,h=366,q=100/09/09294b24161f4dc7383c297413e39ca87413cbf6.jpg

2.ကျောရိုးအညောင်းပြေအောင်လုပ်နည်း

ဒီနည်းလေးကတော့ ပထမဦးဆုံး ကိုယ့်ရဲ့ဒူးပေါ်မှာ လက်လေးနှစ်ဖက်ကို အသာလေးတင်ထားပြီး လေကိုရှူသွင်းလိုက်ပါ။ လေရှူသွင်းလိုက်လို့ ရင်ဘတ်လေးမောက်လာတာနဲ့ ပုံထဲကအတိုင်းခါးလေးကော့ပီး မျက်နှာလေးကိုအပေါ်မော့ထားပေးပါ။ ဒီအတိုင်းလေး သုံးစက္ကန့်လောက်နေပီးသွားပြီဆိုရင်တော့ ရှူသွင်းထားတဲ့လေကို ခေါင်းလေးငုံ ဗိုက်လေးကိုအထဲကိုဆွဲရှပ်ပြီး ဖြေးဖြေးချင်း ပြန်ထုတ်ပေးပါ။ လေကိုထုတ်နေရင်းနဲ့ ကျောလေးကိုခုံးပြီး ခေါင်းလေးကိုလည်း ဖြေးဖြေးချင်းအောက်စိုက်ပေးပါ ။ ဒီအတိုင်းလေးသုံးစက္ကန့်လောက်နေပီးသွားပီဆိုရင်တော့ ဖြေးဖြေးချင်း ပုံမှန်အနေအထားလေးကို ပြန်သွားပေးပါ။ဒီပုံစံအတိုင်းလေး သုံးကြိမ်ကနေ ငါးကြိမ်လောက်ထိလုပ်ပေးမယ်ဆိုရင်တော့ ကျောရိုးတစ်လျှောက်ကိုသက်တောင့်သက်သာလေးဖြစ်စေပြီး ခံစားလို့ကောင်းစေမှာပါ။

https://s9.kh1.co/__image/w=650,h=366,q=100/3e/3eb7379986c8dbf8b01b15d4abe746741949dc0c.jpg

3.တင်းနေတဲ့ ပုခုံး၊ဇက် နဲ့ ဂုတ်ကြောတွေကို ပြေလျော့အောင်လုပ်နည်း

ဒီလေ့ကျင့်ခန်းလေးကိုလုပ်မယ်ဆိုရင်တော့ အရင်ဦးဆုံး ခုံလေးရဲ့အရှေ့ကိုတိုးထိုင်ပေးပါ။ ပီးရင်လက်လေးနှစ်ဖက်ကို အနောက်မှာချိတ်ပြီးလေကို ရှူသွင်းပေးပါ။ ရှူသွင်းပီးပီဆိုရင်တော့ ဖြေးဖြေးလေး လေကိုပြန်ရှူထုတ်ပြီး ချိတ်ထားတဲ့လက်လေးကို ရသလောက်အနောက်ကိုဆန့်ထုတ်ကာ မျက်နှာလေးကိုအပေါ်ကိုမော့ထားပေးပါ ။ဒီအတိုင်းလေး ငါးစက္ကန့်လောက်နေပီးသွားရင်တော့ ဖြေးဖြေးချင်းပုံမှန်အနေအထားလေးကိုပြန်သွားပေးပါ။ဒီနည်းလမ်းအတိုင်း သုံးကြိမ်လောက်လုပ်ပေးမယ်ဆိုရင်ပဲ သိသိသာသာနဲ့ အကြောတွေလျော့တာကို ခံစားမိလာမှာပါ။

https://s9.kh1.co/__image/w=650,h=370,q=100/5a/5a5cb0cf55deb30f2222c0714ee122cfdda5f1b2.png

4. ကျောရိုးနဲ့ ၊တင်းနေတဲ့ ခါးကြောတွေကို ပြေလျော့အောင်လုပ်နည်း

ပထမဦးဆုံးခုံပေါ်မှာထိုင်နေရင်းနဲ့ ဘယ်ဘက်လက်လေးကို ညာဘက်ဒူးပေါ်မှာတင်ပေးပါ၊ ညာဘက်လက်လေးကိုတော့ ခုံရဲ့အနောက်ကို ကိုင်ထားပေးပါ။ ပီးရင်း လေးကိုရှူသွင်းပြီး ပြန်ရှူထုတ်လိုက်တဲ့လေနဲ့အတူ ကိုယ့်ရဲ့ခန္ဓာကိုယ်အပေါ်ပိုင်းလေးကို ညာဘက်စောင်းပီး ပုခုံးလေး ရှေ့နောက်တစ်တန်းထဲ ဖြစ်တဲ့အထိလှည့်ပေးပါ ။ ဒီပုံစံလေးအတိုင်း လေရှူသွင်း၊ရှူထုတ် သုံးကြိမ်လောက်လုပ်ပီးသွားပြီဆိုရင်တော့ ခန္ဓာကိုယ်ကို ဖြေးဖြေးချင်း အရှေ့ကိုလှည့်လာပေးပါ။

ပီးရင်တော့ ဒီပုံစံအတိုင်းပဲ ဘယ်လက်ကိုပြောင်းပြီးတစ်ကြိမ်ပြုလုပ်ပေးပါ။ဒါဆိုရင်တော့ ကျောရိုးနဲ့ တင်းနေတဲ့ခါးကြောတွေကို ခုံမှာထိုင်ရင်းနဲ့ပဲ အလွယ်တကူ လျော့လို့ရပါပြီ။

https://s9.kh1.co/__image/w=650,h=366,q=100/cd/cdf68f5b5620ae5569268fcc2ca288f709aab58c.jpg

5.ပုခုံးကြောလျှော့ပြီး ဂျိုင်းအဆီပိုကြအောင်လုပ်နည်း

ပထမဦးဆုံး ခုံရဲ့အပေါ်ပိုင်းလေးကိုကိုင်ကာ အနောက်နည်းနည်းဆုတ်ပေးပြီး လေကို ရှူသွင်းလိုက်ပါ။

ပီးရင်လက်လေးကိုဆန့်ကာ လေကိုဖြေးဖြေးချင်းရှူထုတ်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းလေးကို ၉၀ ဒီဂရီ (ထောင့်မှန်) အနေအထားရောက်တဲ့အထိ မှောက်ချပေးပါ။ပီးရင်ပုခုံးလေးကို အောက်ကိုနိမ့်ချထားရင်း လေကို ရှူသွင်း၊ရှူထုတ် ငါးကြိမ်လောက်လုပ်ပေးပါ။ ပီးသွားပြီဆိုရင်တော့ လေကိုရှူထုတ်ပြီး ပုံမှန်အနေအထားကို ဖြေးဖြေးချင်းပြန်သွားပေးပါ။ဒီလေ့ကျင့်ခန်းလေးကို သုံးကြိမ်လောက် ပြုလုပ်ပေးမယ်ဆိုရင်တော့ ပုခုံးကြောလေးတွေကို ပြေလျော့စေပြီး လက်မောင်းနဲ့ ဗိုက်မှာရှိတဲ့အဆီတွေကိုလည်း လျော့နည်းလာစေနိုင်ပါတယ်။

ဒီနည်းလမ်းတွေဟာ ရုံးမှာနေရင်း ၊အိမ်မှာနေရင်း ကိုယ်ထိုင်တဲ့ခုံလေးနဲ့ အလွယ်တကူပြုလုပ်လို့ရတဲ့ လေ့ကျင့်ခန်းလေးတွေဖြစ်တာကြောင့် ပရိသတ်တွေအတွက်လည်း အထောက်အကူဖြစ်စေမယ်လို့ထင်ပါတယ်။

ဒီလေ့ကျင့်ခန်းလေးတွေကို ပြုလုပ်ပြထားတဲ့ ဗီဒီယိုကိုလည်း ပရိသတ်တွေ ကြည့်ရှုလို့ရနိုင်စေဖို့အတွက် တစ်ပါတည်းဖော်ပြပေးလိုက်ပါတယ်။

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T