ရေသန် ့ပို ့ရင်း ရုန်းကန်နေပါတယ်ဆိုတဲ့ လူကြမ်းသရုပ်ဆောင် ဦးမင်းစိန်

ပရိသတ်တွေ ချစ်ခင်အားပေးကြတဲ့ ဇာတ်ဆောင်တွေရဲ ့ဇာတ်ရုပ်ကို ပိုပြီး ရုပ်လုံးပေါ်အသက်ဝင်အောင် ကူညီပံ့ပိုး သရုပ်ဆောင်ပေးကြရသူတွေကတော့

ဇာတ်ပို ့ဇာတ်ရံတွေပဲဖြစ်ပါတယ်။

ဇာတ်ဝင်ခန်းတွေထဲမှာ ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ကြရသူတွေမို ့တစ်ချို ့ဇာတ်ပို ့တွေဟာ ပြင်ပလူနေမှုဘဝမှာ ပရိသတ်တွေမနှစ်သက်တာမျိုးတောင် ကြုံကြရတယ်လို ့လည်း သိရပါတယ်။

အခုဆိုရင် အရွယ်ရလာပြီးဖြစ်တဲ့ လူကြမ်းသရုပ်ဆောင်တစ်ဦးဖြစ်သူ ဦးမင်းစိန်ဟာ သူ ့ရဲ ့လက်ရှိပြင်ပဘဝမှာ ရုန်းကန်လှုပ်ရှားနေရတဲ့ အကြောင်းတွေကို Myanmar Celebrity ရဲ ့အင်တာဗျူးမှာ အခုလိုပဲပြောပြသွားခဲ့ပါတယ်။

“လူကြီးဆိုတော့ ဇာတ်ကား ရိုက်တာတွေက တော်တော်ပါးပါတယ်။ အောက်ပိုင်းတွေ မကောင်းတော့ ထိုးဖို့ ကြိတ်ဖို့ ခေါ်ရင်လည်း မလိုက်နိုင်တော့ဘူး။

အနှစ် (၃၀) လောက် ထိုးကြိတ်လာတဲ့ ဒဏ်တွေကြောင့် ဒူးတွေ ခြေချင်းဝတ်တွေက မကောင်းတော့ဘူး၊ နဂိုကတည်းကလည်း ထိပြီး ပြုတ်ကျထားတာတွေရှိတယ်။ ကျန်းမာရေး အခြေအနေကတော့ ကောင်းတော့ကောင်းပါတယ်။ ဒါပေမယ့် လမ်းများများ လျှောက်လို့မရဘူး၊ ပြေးလို့ မရဘူး အောက်ပိုင်းက

အဲလောက်ဖြစ်နေတယ်။ အခု ရွာထဲမှာ (၃) ဘီး ဆိုင်ကယ်လေးနဲ့ ရေသန့်ပို့ပါတယ်။ သံယောဇဉ်ရှိတဲ့ ပရိတ်သတ် တစ်ချို့က ပိုက်ဆံတွေ ဘာတွေ လှူတယ်။ တစ်ခါတစ်လေ အဲလိုမျိုးလေးတွေက အသက်ရှူပေါက်လေးဖြစ်စေတော့ စားရပါတယ်။ တစ်ခြားက ငှားတဲ့ လူရှိရင် ကုန်လေး ဘာလေး လိုက်ပို့ဖြစ်ပါတယ်။ အဆင်ပြေလားဆိုတော့ မငတ်အောင်စားနေရတာပေါ့။ မြန်မာ ပြည်ဆိုတော့ ငတ်တော့ မသေပါဘူး။ ဒါပေမယ့် တော်တော် ရုန်းကန်ရတယ် ” လို ့ဦးမင်းစိန်က ရင်ဖွင့်သွားခဲ့တာပဲဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Myanmar Celebrity

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။