ထွက်ပြေးတဲ့ တရားခံတစ်ဦးကို ဝိုင်းဝန်းဖမ်းဆီပေးတဲ့ ပြည်သူတွေကို လေးစားစရာ ရဲတပ်သားတစ်ဦးက ရှိခိုးပြီးကျေးဇူးတင်စကားပြောခဲ့တဲ့ Video File ဟာ အွန်လိုင်းမှာ ပျံနှံလာခဲ့ပါတယ် ။ Video ထဲမှာ တရားခံကို ကြိုးချည်နေရင်း မောပန်းတကြီးနဲ့ ဒေါသထွက်ပြီး ပြောဆိုနေခဲ့တဲ့စကားတွေထဲ ပိုက်ဆံသိန်းထောင်ချီပေးတောင်မယူဘူးကွ ၊ အရင်ကရဲတွေမဟုတ်တော့ဘူးတဲ့ ... ။ ရှိခိုးပြီးကျေးဇူးတင်ရခြင်းကလည်း သူနဲ့လုပ်ဖော်ကိုင်ဖက်တွေရဲ့ ဘဝတွေပျက်မယ့်အခြေအနေက ကယ်တင်ခဲ့လို့လို့ဆိုပါတယ် ။ သူက လူပျိုတစ်ဦးဖြစ်တာမို့ ပြသာနာမရှိပေမယ့် လုပ်ဖော်ကိုင်ဖက် အိမ်ထောင်သည်ရဲတပ်သားတွေ ဒုက္ခရောက်သွားမှာစိုးလို့ ဒီလိုဖမ်းမိအောင်ကယ်တင်ခဲ့တဲ့အတွက်ကျေးဇူးအထူးတင်နေတာပါ ။

ဖြစ်စဉ်ကတော့ ဗဟို အကျဉ်းထောင်ကနေ ခရိုင်တရားရုံး အချုပ်ကို ရုံးထုတ်စဉ် အချုပ်သား ၂ ဦးထွက်ပြေးလို့ ရဲတပ်ဖွဲ့က လိုက်လံ ဖမ်းဆီးရာမှာ အချုပ်သား ၁ဦးကို ပြည်သူတွေက ရဲနဲ့အတူ ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တာပဲဖြစ်ပါတယ် ။

သူဟာ ရဲတပ်သား စိုင်းမျိုးထက် ဖြစ်ပါတယ်။

မန္တလေးခရိုင် တရားရုံးအချုပ် ကိုရောက်ပြီး အချုပ်ကားပေါ်ကနေ တရားခံတွေကို ၅ ဦး တစ်တွဲနှုန်းနဲ့ အချုပ်ခန်းထဲ ပို့ဆောင်နေတုန်း အချုပ်သား မောင်မောင်ငယ်(ခ)ရှောင်ဖိန် ဆိုသူနဲ့ တငဲ(ခ)မျိုးဇော်ဦး ဆိုသူ ၂ ဦးတို့ ထွက်ပြေးခဲ့ကြပါတယ်။

ထွက်ပြေးတဲ့ ၂ ဦးမှာ မောင်မောင်ငယ် (ခ)ရှောင်ဖိန် ကို အခင်းဖြစ်နေရာ မှာပဲ ဖမ်းဆီးရမိခဲ့ပြီး တငဲ(ခ) မျိုးဇော်ဦး ကိုတော့ ချမ်းမြသာစည်မြို့နယ် ထဲမှာ ပြည်သူတွေနဲ့ အတူရဲတပ်ဖွဲ့ကဝိုင်းဝန်းဖမ်းဆီးခဲ့ကြတာလည်းဖြစ်ပါတယ် ။

သဘောကျရင် Like and Share တစ်ချက်နဲ့ ဂုဏ်ပြုဖို့ မမေ့ပါနဲ့ဦးနော် ... 

( Video File ကိုအောက်မှာကြည့်နိုင်ပါတယ် )

သတင်းအရင်းမြစ် Popular

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။