ဟောလိဝုဒ်အနုပညာရပ်ဝန်းမှာ ဒိတ်ဒိတ်ကျဲအဆိုတော်တစ်ဦးဖြစ်တဲ့ ဘီရွန်းဆေး ကတော့ ထူးထူးခြားခြားအမွှာကိုယ်ဝန်လွယ်ခဲ့ပြီးနောက် အခုဆိုရင် သူမရဲ့ အမွှာကလေးတွေက အသက်တစ်လပြည့်ပြီလို့ သိရပါတယ်။

ကမ္ဘာကျော်စုံတွဲတွေအဖြစ် သတ်မှတ်ခံထားရတဲ့ ဘီယွန်းဆေး နဲ့ ခင်ပွန်းဖြစ်သူ အဆိုတော်ဂျေဇီဟာ သီချင်းတွေသီဆိုရုံတင်မကပဲ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတွေလည်း လုပ်ကိုင်သလို အနုပညာကြေးမြင့်တဲ့ ဆယ်လီတွေဆိုလည်းမမှားပါဘူး။

ရှေ့သွားနောက်လိုက်ညီတဲ့ ဘီရွန်းဆေးတို့ဇနီးမောင်နှံ ဟာ အမွှာကလေးနှစ်ယောက်အပါအဝင် သမီးကြီးလေးနဲ့ဆို စုစုပေါင်းသားသမီး(၃)ယောက်ပိုင်ဆိုင်ထားရပါတယ်။

ဇူလိုင်လ(၁၃)ရက်နေ့မှာတော့ အမွှာဗိုက်နဲ့ ပုံလေးတွေအမြဲတင်လေ့ရှိတဲ့ မေမေဘီရွန်းဆေးက သူ့ရဲ့ မျိုးဆက်သစ် အမွှာနှစ်ယောက်ကိုချီထားတဲ့ ပုံလေးတစ်ပုံ ကို ပထမဆုံးအဖြစ် အင်စတာဂရမ်ပေါ်တင်ခဲ့ပါတယ်။

"Sir Carter and Rumi 1 month today," လို့ရေးပြီး သမီးနှစ်ယောက်ကိုနာမည်ကိုပုံလေးအောက်မှာ ရေးသားထားပါတယ်။ 

သတင်းအရင်းမြစ် dailymail

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။