ဒီမေးခွန်းက လုပ်ငန်းခွင် တော်တော်များများမှာ ကြုံတွေနေရပြီး ကိုယ့်အတွက်တော့ ဝေခွဲရခက်တဲ့ မေးခွန်းတစ်ခုပါ။ စဉ်းစားဖို့လိုတဲဲ့ အရာတစ်ခုဆိုလည်း မမှားပါဘူး။ စိတ်ညစ်ပေမဲ့ ၊ မပျော်ပေမဲ့ ဒီမေးခွန်းအတွက် အဖြေ မရှိတာကြောင့် လက်ရှိအလုပ်မှာပဲ ဆက်လက် လုပ်နေကြရတာမျိုးတွေ ရှိပါတယ်။ ဒီလိုမျိုး မဖြစ်ရလေအောင် အလုပ်ထွက်သင့်လား၊ မထွက်သင့်ဘူးလား ဆိုတဲ့ မေးခွန်းမျိုးတွေအတွက် ကိုယ့်ကိုကိုယ် ဆန်းစစ်နိုင်ဖို့ အခြေခံ အချက်တစ်ချို့ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) အလုပ်လုပ်ရတာ အချိန်တိုင်း ငြီးငွေ့နေပြီလား?

အလုပ် လုပ်နေပေမဲ့လည်း တခါတလေတော့ ပျင်းလာနိုင်ပါတယ်။ ငြီးငွေ့လာနိုင်ပါတယ်။ ဒါပေမဲ့ ခဏတဖြုတ် စိတ်မပါတာမျိုး မဟုတ်ဘဲ အချိန်တိုင်းနီးပါ ငြီးငွေ့ နေပြီဆိုရင်တော့ အလုပ်ထွက်ဖို့ စဉ်းစားသင့့်ပါပြီ။

(၂) ကိုယ့်အရည်အချင်းနှင့် ကိုယ့်အလုပ်က မကိုက်ညီဘူးလို့ ယူဆပါသလား ?

ဒါကတော့ အလုပ်ဝင် ဝင်ချင်း ချက်ချင်းသိနိုင်တဲ့ အရာတော့ မဟုတ်ပါဘူး။ မိမိ အလုပ်ကို လေ့လာပါ။ ကြိုးစားလုပ်ပါ။ ကိုယ့်အရည်အချင်းနဲ့ ကိုက်ညီတာကို ဦးစားပေး လုပ်ပါ။ ဒါမှ သင့် ရလဒ်ကို အထက်လူကြီးက စိတ်တို်င်းကျမှာပါ။ ကိုယ် မလုပ်နိုင်တဲ့ အရာ၊ ကိုယ် မကျွမ်းကျင်တဲ့အရာ၊ ကိုယ်် လုံးဝ လက်မခံနိုင်တဲ့ အရာကို လုပ်နေရတယ် ဆိုရင်တော့ အလုပ်ထွက်သင့်နေပါပြီ။

(၃) အလုပ်ရှင်ရဲ့ ခံယူချက်နဲ့ သင့်ရဲ့ ကိုယ်ပိုင် ခံယူချက််နဲ့ ကိုက်ညီမှု မရှိဘူးလား?

အလုပ်ရှင် မျှော်လင့်ထားတဲ့ ရည်မှန်းချက်နဲ့ သူ့ရဲ့ ခံယူချက်က မတူဘူး ဆိုရင်တော့ အလုပ်ထွက်ဖို့ စဉ်းစားသင့်ပါတယ်။ ဒါက ညှိယူလို့ မရတဲ့ ကိစ္စဖြစ်လို့ ဖြေရှင်းနိုင်ဖို့လည်း အခက်အခဲရှိပါတယ်။ သူနဲ့ ကိုယ်နဲ့ ကိုက်ညီမှု မရှိဘဲ အတူတူ လက်တွဲ လုပ်ဆောင်နေတယ်ဆိုတာ နှစ်ဦးနှစ်ဖက်လုံးအတွက် ထိခိုက်ပါတယ်။

(၃) လွှမ်းမိုးတယ်လို့ မကြာခဏ ခံစားရပြီလား?

အလုပ်ရှင်ကြောင့် ဖြစ်စေ၊ မိမိတာဝန်ယူထားသော အလုပ်တွေကြောင့် ဖြစ်စေ သင့်ရဲ့ ကိုယ်ပိုင် အချိိန်၊ နားချိန်တွေမှာတောင် ကိုယ့်ကို အလုပ်က လွှမ်းမိုးလာတယ်လို့ မကြာခဏ ခံစားနေရပြီဆိုရင်တော့ အလုပ်ထွက်ဖို့ ပြင်ဆင်လိုက်ပါ။ ဒါက သင့်ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်ကို ဆုံးရှုံးစေပါတယ်။

(၄) တိုးတက်မှု မရှိဘူးလား?

အသက်ငယ်တဲ့သူဆို လစာကို ဦးစားမပေးဘဲ ရာထူးနဲ့ အတွေ့အကြုံကို ဦးစားပေးသင့်ပါတယ်။ အသက်အရွယ်နဲ့ အတွေ့အကြုံများပြီးသား သူတွေ အနေနဲ့ကတော့ လစာကို ဦးစားပေးသင့်ပါတယ်။ ကိုယ့်ရဲ့ လုပ်ငန်းခွင်မှာ နှစ်စဉ် အတွေ့အကြုံ ဖြစ်ဖြစ်၊ လစာဖြစ်ဖြစ် တိုးတက်မှု ရှိလား သတိထားကြည့်ပါ။ ဘာမှ မရှိဘူး ဆိုရင်တော့ အလုပ်ထွက်တာ သင့်အတွက် အကောင်းဆုံးပါ။

(၅) ဘာမှ မလုပ်နိုင်ဘူးလို့ ခံစားနေရလား?

ကိုယ်် ဘာလုပ်လုပ် အဆင်မပြေဘူး။ ကိုယ် လုပ်လိုက်လို့ အဆင်ပြေသွားရင်လည်း အသိအမှတ်ပြု မခံရဘူး။ ကြာလာတော့ ကိုယ့်ကိုကိုယ်လည်း ဘာမှ မလုပ်နိုင်ဘူး စသည်ဖြင့် ခံစားလာရရင်တော့ အလုပ်ထွက်ပစ်လိုက်ပါ။ ဆက်သည်းခံနေရင် ကိုယ့်ကိုကိုယ်် ယုံကြည်မှု ပျောက်ပျက်သွားပါလိမ့်မယ်။

(၆) သင့်ကို စောင့်ကြည့်နေတယ်လို့ ခံစားနေရလား?

လုပ်ငန်းခွင်မှာ သင့်ရဲ့ စကားတိုင်း၊ အမူအရာတိုင်း၊ အပြောအဆိုတိုင်းကို စောင့်ကြည့် ဝေဖန်နေတယ်လို့ ခံစားလာရပြီ ဆိုရင်တော့ အလုပ်ထွက်ဖို့ အနှေးနဲ့ အမြန် ပြင်ဆင်ပါ။ ဒါဟာ သိပ်ကို စိတ်ကျဉ်းကြပ်စေနိုင်တဲ့ အချက်တစ်ခုပါပဲ။

(၇) ကုမ္ပဏီက သင့်အတွက် ရင်းနှီးပေးမှု ရှိရဲ့လား?

ကုမ္ပဏီက သင့်အတွက် လစာအပြင် ဘာတွေ ထောက်ပံ့ပေးလဲ? ဒါကိုလည်း စဉ်းစားဖို့ လိုပါတယ်။ နှစ်စဉ် ဆုကြေး၊ ကားဖယ်ရီ၊ တယ်လီဖုန်း၊ ဖုန်းဘေလ်၊ လိုအပ်သော သင်တန်းများ စေလွှတ်ခြင်း …. စသည်ဖြင့် သင်နှင့်ပတ်သက်ပြီး ဘာတွေ ရင်းနှီးပေးမှု ရှိလဲ ဆိုတာကို စဉ်းစားပါ။ အလုပ်ဝင် ဝင်ခြင်းတော့ မမျှော်လင့်ပါနဲ့။ လုပ်သက် သက်တမ်းတစ်ခု ကြာလာတာနဲ့ အမျှ ကိုယ့်အတွက် ဘာမှ ရင်းနှီးပေးမှု မရှိရင်တော့ သင် အလုပ်ထွက်သင့်ပါတယ်။

(၈) ကိုယ့်အပေါ် ယုံကြည်မှု မရှိဘူးလား?

ဒါကတော့ ခံရခက်တဲ့ အရာတစ်ခုပါ။ အလုပ်နဲ့ပတ်သက်ပြီးတော့ရော ငွေကြေးနဲ့ ပတ်သက်ပြီးတော့ရော ကိုယ့်အပေါ်မှာ အယုံအကြည်မရှိဘူးဆို ကိုယ့်အတွက် အရမ်း အခက်အခဲ ရှိပါတယ်။ အလုပ်လည်း နှောင့်နှေးစေသလို ကိုယ့် ဂုဏ်သိက္ခာကိုလည်း ထိခိုက်နိုင်ပါတယ်။ ဒါ့ကြောင့် အလုပ် ထွက်ဖို့ ပြင်ဆင်ပါ။

(၉) ပျော်ရွှင်မှု မရှိတော့ဘူးလား?

အလုပ်မှာ မပျော်တော့ဘူးဆိုရင် အလုပ်ကိုလည်း ကြိုးစားချင်စိတ် မရှိတော့ပါဘူး။ ဒါဟာ အလုပ်ရှင်အတွက်ရော ဝန်ထမ်းအတွက်ပါ အများကြီး ထိခိုက်နို်င်ပါတယ်။

(၁၀) တနင်္လာနေ့တွေကို မုန်းတတ်နေပြီလား ?

ရုံးလာရမှာကိုတောင် စိတ်ပျက်နေပြီး ရုံးပိတ်ရက်တွေကိုပဲ မျှော်နေမိတယ်ဆိုရင် သင် အလုပ်ပြောင်းသင့်နေပါပြီ။ ကိုယ့်ကိုကိုယ် အမှန်အတိုင်း ဆန်းစစ်ပြီး အနာဂတ်အတွက် ပြင်ဆင်ပါ။

(၁၁) သူဌေးကို လူဆိုးတစ်ယောက်လို့ ခံစားနေရပြီလား ?

ကိုယ့်ရဲ့ အထက်အရာရှိ (သို့) သူဌေးက ကိုယ့်အတွက်တော့ လူဆိုး တစ်ယောက် ဖြစ်နေပြီ။ သူ့ကို ကိုယ်် မုန်းနေပြီ။ သူကလည်း ကိုယ့်အပေါ် အမြင်မကြည်တော့ဘူး စသည်ဖြင့် အဆင်မပြေရင်တော့ အလုပ်က မြန်မြန်ထွက်နို်င်အောင် ကြိုးစားပါ။ ဒါက နှစ်ဦးစလုံးအတွက် ပိုပြီး သင့်တော်ပါလိမ့်ယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။