ကိုယ်အရမ်းလိုချင်တဲ့ ဘွဲ့ ကိုအသက် 88 နှစ်အရွယ်ရောက်မှ ရယူနိုင်ခဲ့တဲ့အဘွား

//s9.kh1.co/6b/6b30616d2ce3e1b5a76edad0ebabaa1b6e50a3d8.jpg
နိုင်ငံတကာသတင်းများ

 ၁၆-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ကိုယ်လေ့လာသင်ယူချင်တဲ့ ပညာရပ်တစ်ခုကို လေ့လာသင်ကြားတဲ့နေရာမှာ အသက်အရွယ်ကြီးတယ် ငယ်တယ်ဆိုတာမရှိပါဘူး။ကိုယ်ရယူချင်တဲ့ ဘွဲတစ်ခုကို ရဖို့အတွက် ကြိုးစားတဲ့အခါမှာဆိုရင်လည်း အသက်အရွယ်ကြီးသွားပြီမို့လို့ ယူလို့မရနိုင်တော့ဘူးဆိုတာမရှိပါဘူး။ အဓိကက ကိုယ့်ရဲ့စိတ်ကသာ တကယ်ရယူလိုစိတ်ပြင်းပြပြီး စိတ်ဓာတ်ခိုင်မာဖို့ပဲလိုတာပါ။အဲ့ဒီလိုပဲ ထိုင်းနိုင်ငံက အဘွားတစ်ယောက်ဟာဆိုရင်လည်း သူလိုချင်တဲ့ တက္ကသိုလ်က ဘွဲ့ကို အသက် 88 အရွယ်အရောက်မှာ ရယူနိုင်ခဲ့ပါတယ်။

photo credit - Next Shark
photo credit - Next Shark

ဒီအဘွားရဲ့ နာမည်ကတော့ Sathaporn Phrom Sir ဖြစ်ပြီး သူဟာလူမှုဝန်ထမ်းတစ်ဦးဖြစ်ပါတယ်။ဒီအဘွားဟာ သူ့ရဲ့အသက် 80 အရွယ်ရောက်မှ Chiang Mai Rajabhat University မှာ liberal arts program တစ်ခုတက်ရောက်ဖို့ စာရင်းသွင်းခဲ့တာပါ။အဘွား Sir ဟာ လေးနှစ်လောက်ပညာသင်ကြားခဲ့ပြီး သူမအသက် 84 နှစ်အရွယ်မှာ ကျောင်းပြီးခဲ့ပေမယ့် အသက် 88 အရွယ်မှသာ တရားဝင် ဘွဲ့ရ certificate ကိုရရှိခဲ့တာပါ။အဘွားဟာ သူမပညာသင်ကြားနေတုန်းမှာလည်း ပိတ်ရက်တွေမှာဖွင့်တဲ့ အတန်းတွေကိုတက်ခဲ့ပြီး တစ်ခါတစ်ရံ သူမဖျားနာတာမျိုးရှိပေမယ့် အတန်းတစ်ခါမှ ပျက်ခဲ့ဖူးတာမျိုးမရှိပါဘူး။

photo credit - Next Shark
photo credit - Next Shark
photo credit - Next Shark
photo credit - Next Shark

အဘွား Sir ဟာ ရဲ့အငယ်ဆုံး အတန်းဖော်ဟာဆိုရင်လည်း သူမထက် အသက် 40 လောက်ငယ်တယ်ဆိုပေမယ့်လည်း အတန်းဖော်တွေအားလုံးဟာ အဘွားကို စံပြပုဂ္ဂိုလ်တစ်ယောက်လို ရှုမြင်ခဲ့ကြသလို အဘွားရဲ့ဘွဲ့အတွက်လည်း အားလုံးက ဂုဏ်ယူခဲ့ကြပါတယ်။အသိပညာနဲ့ အတွေ့အကြုံဆိုတာဟာ ဘယ်တေ့ာမှ ပြည့်စုံသွားတယ်ဆိုတာမရှိသလို ၊ ပညာသင်ဖို့အတွက်လည်း အသက်အရွယ်က ဘယ်တော့မှကြီးသွားတယ်ဆိုတာမရှိဘူးလို့ ခံယူထားတဲ့ အဘွား Sir အနေနဲ့ဆိုရင်လည်း သူမရယူနိုင်ခဲ့တဲ့ ဘွဲ့အတွက် ဂုဏ်ယူနေမယ်ဆိုတာ ပြောစရာတောင်မလိုလောက်ပါဘူး ။

photo credit - Next Shark
photo credit - Next Shark

သတင်း အရင်းအမြစ်NextShark

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T