လူကိုးဦးကို သတ်ပြီး အလောင်းတွေကို အပိုင်းပိုင်းခုတ်ဖြတ်တဲ့ အမျိုးသား သေဒဏ်ချမှတ်ခံရ

//s9.kh1.co/ad/adcf4e1f2a87131d6a48314351b063132b48f5f5.png
နိုင်ငံတကာသတင်းများ

 ၁၆-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မနေ့က ဒီဇင်ဘာလ 15 ရက်နေ့ အင်္ဂါနေ့က twitter killer လို့လူသိများတဲ့ လူသတ်သမားကို ဂျပန်နိုင်ငံ တိုကျိုခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ဒီလူသတ်သမားရဲ့နာမည်ကတော့ Takahiro Shiraishi ဖြစ်ပြီး သူဟာ လူသတ်မှု ၊ မုဒိမ်းမှု ၊ အလောင်းဖျောက်မှုတွေနဲ့ စွဲချက်တင်ခံထားရသူတစ်ယောက်ပဲဖြစ်ပါတယ်။ဒီအမျိုးသားဟာ 2017 ခုနှစ်က အွန်လိုင်းက သိကျွမ်းတဲ့ လူ 9 ဦးကို လူသတ် အလောင်းဖျောက်မှုတွေနဲ့ ဖမ်းဆီးခံထားရတာပါ ။

photo credit - NextShark
photo credit - NextShark

၎င်းအမျိုးသားဟာ အသက် 15 နှစ်ကနေ 26 နှစ်ကြားအရွယ်ရှိတဲ့ အမျိုးသမီး 8 ဦးနဲ့ အမျိုးသားတစ်ဦးကို ရက်ရက်စက်စက်သတ်ပစ်ခဲ့တာဖြစ်သလို အလောင်းတွေကိုလည်း အပိုင်းပိုင်းခုတ်ဖြတ်ခဲ့သူပါ။Shiraishi ကိုတော့ 2017 ခုနှစ် သြဂုတ်လထဲမှာ ဖမ်းမိခဲ့တာဖြစ်ပြီး သူသတ်ခဲ့တဲ့သူတွေကို လိင်စိတ်ဖြည့်ဆည်းဖို့အတွက် သတ်ဖြတ်ခဲ့တာဖြစ်တယ်လို့လည်း ဝန်ခံထားပါတယ်။

photo credit - NextShark
photo credit - NextShark

သူ့ကိုဖမ်းမိစဉ်က အိမ်ကို စစ်ဆေးကြည့်တဲ့အခါမှာလည်း အအေးသေတ္တာ 3 လုံးနဲ့ ကွန်တိန်နာ 5 လုံးထဲမှာ သူသတ်ထားတဲ့လူတွေရဲ့ ခေါင်းတွေ၊ ခြေလက်အင်္ဂါတွေနဲ့ အသားတွေဖယ်ထားတဲ့ အရိုးတွေကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။၎င်းအမျိုးသားဟာ အခုသေဒဏ်ကျခံရတဲ့အပေါ်မှာလည်း အယူခံဝင်ဖို့ ဆန္ဒမရှိသလို ဂျပန်တရားရေးရာဝန်ကြီးက ကွက်မျက်မှုအမိန့်မှာ လက်မှတ်ထိုးပီးသွားတာနဲ့ ပြစ်ဒဏ်စီရင်ခံရမှာဖြစ်တယ်လို့ သိရပါတယ်။

photo credit - NextShark
photo credit - NextShark

သတင်း အရင်းအမြစ်NextShark

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T