ယနေ့ခေတ်မှာ နည်းပညာတွေတိုးတက်လာတာနဲ့အမျှ လူမှုဆက်ဆံရေးတွေမှာ လစ်ဟင်းမှုလေးတွေရှိလာပါတယ်။ အထူးသဖြင့် အမြဲတမ်းအလုပ်များနေတဲ့ မိဘတွေဆိုရင် ကိုယ့်သားသမီးအတွက် အချိန်မပေးနိုင်သလို သားသမီးကလည်း မိဘအပေါ် သွေးအေးလာတတ်ကြပါတယ်။ ကိုယ့်ရဲ့ သားသမီးငယ်လေးတွေကို ဆုံးမသွန်သင်တဲ့အခါမှာ နညး်စနစ်ကျဖို့လိုအပ်ပါတယ်။

သင့်ရင်သွေးငယ်တွေကို အသီးအရွက်များများစားစေချင်တယ်ဆိုရင်၊ အော်ငေါက်၊ ဆူပူ၊ အမိန့်ပေးနေမယ့်အစား သင် ကိုယ်တိုင်က သူတို့ရှေ့မှာ အသီးအရွက်တွေကို စားပြခြင်းဖြင့် မိဘတွေ ကိုယ်တိုင်က ကမိမိတို့ကိုယ်တိုင် အလေ့အကျင့် လုပ်သင့်ကြောင်း ကျန်းမာရေးသတင်းတစ်ပုဒ်မှာဖော်ပြ လာပါတယ်။

ဝင်ငွေနည်းတဲ့ မိသားစုများရဲ့ စောင့်ရှောက်မှုပုံစံများကို လေ့လာကြည့်တဲ့အခါ၊ မိဘများက ကိုယ်တိုင်စားပြခြင်းဖြင့် ရင်သွေးငယ်များကို ကောင်းတဲ့အလေ့အကျင့်ဖြစ်စေပြီး ဒါဟာ အင်အားသုံးအမိန့်ပေးခြင်း၊ ဆုပေး၊ဒဏ်ပေးခြင်းများ ထက် ပိုမိုထိရောက်တဲ့ နည်းလမ်းဖြစ်တယ်လို့ဆိုပါတယ်။

မိဘများအနေနဲ့ အမိန့်ပေးခြင်းထက် ချော့မော့သိမ်းသွင်းပြောဆိုပါက ရင်သွေးများအနေနဲ့ ပိုမိုကျန်းမာစေတဲ့ စားသောက်မှုအလေ့အကျင့်များရရှိလာစေကြောင်း American Journal of Clinical Nutrition မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ရင်သွေးများနဲ့ သင့်တော်တဲ့ အစားအသောက်များကိုသာ ထားရှိခြင်း၊ အချိန်မှန်မှန်ကျွေးခြင်း နဲ့ ရင်သွေးငယ် များ ကို ကုန်စုံဆိုင်ခေါ်သွားပြီး သူတို့နဲ့ သင့်တော်တဲ့အစားအသောက်များကို ပြောပြရင်းနှီးစေခြင်းကလည်း နည်းလမ်းကောင်း တစ်ခုဖြစ်တယ်လို့ အကြံပြုထားပါတယ်။

ရင်သွေးငယ်များ ဟင်းသီးဟင်းရွက်များနဲ့ အသီးအနှံများသင့်တင့်မျှတစွာစားသုံးခြင်းရှိမရှိဟာ မိခင်ရဲ့စားသောက်မှု အလေ့အကျင့်နဲ့ များစွာဆက်နွယ်မှုရှိကြောင်း သုတေသနပြုမှုတစ်ခုက ထုတ်ဖော်ပြောကြားထားပါတယ်။ လမ်းလျှောက် ခါစ ကလေးကယ်များရဲ့ စားသောက်မှု အစာအာဟာရများကိုလေ့လာကြည့်တဲ့အခါ မိခင်ရဲ့ ပုံမှန်စားသောက် မှု အာဟာရ များနဲ့ အုပ်စုတူပြီး ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံစားသုံးမှုကလည်း မိခင်နဲ့ ရင်သွေးအချိုးတူတယ်လို့ အမေရိက ရှိ သုတေ သနပြုမှုတစ်ခုက ဆိုထားပါတယ်။

သတင်းအရင်းမြစ် myanmar people mag

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။