အဆိုတော် အဒဲလ် (Adele) ရဲ့ ထွက်သမျှသီချင်းတွေအားလုံးနီးပါး ပေါက်တဲ့ အဆိုတော်ပါ။ သူမရဲ့ နောက်ဆုံးထွက်တဲ့ အယ်လ်ဘန် ထဲက Hello တို့ Send My Love To Your New Lover တို့ ဆိုတာ လူတိုင်းသိတဲ့သီချင်းထဲမှာပါပါတယ်။ သူမရဲ့ လက်ရှိရည်းစားက သူတို့ နှစ်ယောက် နှစ်ပတ်လည် အတွက် ယခုလိုမျိုး surprise လုပ်ပေးခဲ့ပါတယ်။

သူမဟာ အခုရည်းစားနှင့် တွဲလာတာ ငါးနှစ်ကျော်ပါပြီ။ သူမရဲ့ သားလေးရဲ့ အဖေလည်းဖြစ်တဲ့ Simon Konecki ဟာ သူတို့ နှစ်ယောက်ရဲ့ ငါးနှစ်မြောက်နှစ်ပတ်လည်အတွက်ယခုလိုပြုလုပ်ပေးခဲ့တာပါ။ သူမရဲ့ အချစ်ဟောင်းတုန်းက ကံ မကောင်းခဲ့တဲ့ Adele ဟာ သူမရဲ့ လက်ရှိချစ်သူကြောင့် အချစ်ကံခေတဲ့သူလို့ပြောလို့မရတော့ပါဘူး။

သူမတို့ နှစ်ယောက် နှစ်ပတ်လည်နေ့မှာ သူမရည်းစား ဟာ Adele အတွက် စတိတ်ရှိုးမှာ အလှကြဲတဲ့ confetti ခေါ် ရောင်စုံစက္ကူတစ်ခုချင်းစီမှာ Adele ကိုပြောချင်တဲ့ စကားတွေကို သူ့လက်ရေးနှင့် ကိုယ်တိုင်ရေးခဲ့ပါတယ်။

ရှိုးပွဲကိုလာရောက်တဲ့ ပရိသတ်တွေကလည်း အဲ့ဒီရောင်စုံစက္ကူတွေကို အမှတ်တရအနေနှင့်သိမ်းထားခဲ့ပါတယ်။ တကယ်တော့ အဲ့ဒီ ရောင်စုံ စက္ကူတွေဟာတစ်ရွက် နှစ်ရွက်မဟုတ်ဘဲ ပုံထဲမှာပြထားတဲ့အတိုင်းရာကျော်ပါတယ်။ အဲ့ဒီလို တစ်ရွက်ချင်းစီမှာရေးနိုင်တာဟာတော်ရုံတန်ရုံ စိတ်မျိုး နှင့် ရမှာမဟုတ်ပါဘူး။တန်ဖိုးကြီးတဲ့ပစ္စည်းတွေထက်စာရင် မိန်းကလေးတွေက အဲ့ဒီလိုမျိုး လက်ဆောင်မျိုးဟာ ပိုပြီး အဓိပ္ပာယ်ရှိပြီး စိတ်လှုပ်ရှားစေပါတယ်။

အဲ့ဒီတစ်ရွက်ချင်းစီမှာ 'မင်းက နတ်သမီးလေးပါဘဲ' ၊ 'ပျော်ရွှင်စရာ နှစ်ပတ်လည်ပါ' ၊ 'I love You' ၊ 'မင်ကို ငါ အကြာကြီးချစ်သွားမှာပါ' စတဲ့ စာတိုလေးတွေ ရေးထားတာပါ။ ထို့ကြောင့်လဲ Adele က သူမ နောက် ကလေးတစ်ယောက်ရဖို့ ကြိုးစားသွားဦးမယ်ဆိုပြီး သူမရဲ့ ရှိုးပွဲကိုလာတဲ့ ပရိသတ်တွေကိုပြောခဲ့ပါတယ်။

Anna

Source: buzzfeed

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။