လမ်းဘေးမှာ ဈေးရောင်းတဲ့ဘဝကနေ Miss Thailand အလှမယ်ဖြစ်လာတဲ့ ကောင်မလေး

//s9.kh1.co/91/914de4d56df5f466ed4974c6d642b14174c1ae63.jpg
နိုင်ငံတကာသတင်းများ

 ၁၇-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လူတွေဟာ အလှမယ်တော်တော်များများကို ငယ်စဉ်ကတည်းက ရွှေပေါ်မြတင်ဘဝကိုဖြတ်သန်းခဲ့ရပြီး ပိုးမွေးသလိုမွေးခဲ့ရလို့ ဒီလောက်လှနေရတာလားလို့ ထင်ကြတာတွေရှိပါတယ်။ ဒါပေမယ့် အလှမယ်အကုန်လုံးကတော့ ရွှေပေါ်မြတင်သလို ကြီးပြင်းလာခဲ့ကြတာမဟုတ်ပါဘူး။ အဲ့ဒီလိုပဲ ထိုင်းကိုယ်စားပြုအလှမယ်ဖြစ်တဲ့ Chalita Suansane ရဲ့ဘဝကလည်း ထင်သလောက်မလှပခဲ့ပါဘူး။

phto from google
phto from google
phto from google
phto from google

Chalitaရဲ့မိဘတွေဟာ ငယ်စဉ်ကတည်းက ဆင်းရဲချို့တဲ့ပါတယ်။ Chalitaဟာ မိခင်ဖြစ်သူနဲ့အတူ ငယ်စဉ်ကတည်းက စားဝတ်နေရေးအတွက် အတူဈေးရောင်းခဲ့ရတာဖြစ်ပါတယ်။ သူမဟာ အသက်လေးနှစ်အရွယ်ကစပြီး လမ်းဘေးမှာဈေးရောင်းခဲ့ရပြီး ကိုယ့်အားကိုယ်ကိုးပြီး ရပ်တည်ရတဲ့ဘဝကို နားလည်သဘောပေါက်အောင် ပြုစုပျိုးထောင်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။Chalita ဟာ သူမရဲ့မိခင်ကို ကူညီပေးဖို့အတွက် လမ်းဘေးမှာဈေးရောင်းတာကိုလဲ မရှက်မကြောက်လုပ်ခဲ့ပြီး သူမ Miss ပြိုင်ပွဲဝင်တဲ့အထိသူမကို မိခင်ဖြစ်သူက ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

phto from google
phto from google
phto from google
phto from google
phto from google
phto from google

Chalitaဟာ ခန္ဓာကိုယ်အလှ၊ ရုပ်ရည်နဲ့ ဉာဏ်ရည်ကောင်းမွန်ပြီး ထက်မြက်တဲ့အမျိုးသမီးအနေနဲ့ Miss Thailandဘွဲ့ကို 2016 ခုနှစ်မှာထိုက်ထိုက်တန်တန်ရရှိခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Chalitaဟာ သူမရဲ့ဘဝအကြောင်းကို မရှက်မကြောက်ထုတ်ဖော်ပြောကြားခဲ့ပြီး ထိုင်းအမျိုးသမီးထုကို သူမနဲ့တူညီတဲ့စိတ်ခွန်အားတွေပေးခဲ့ပါတယ်။ ဒါ့အပြင် Miss တစ်ယောက်ဖြစ်ပြီးပေမယ့်လဲ သူမရဲ့အမေဖြစ်သူကိုကူညီဖို့အတွက် အမြဲအဆင်သင့်ရှိနေဆဲဆိုတာကိုပါ ထုတ်ဖော်ပြောကြားခဲ့သူပဲဖြစ်ပါတယ်။

သူမရဲ့ကြိုးစားမှု၊ သိတတ်နားလည်မှု နဲ့ အမှန်ကိုအမှန်အတိုင်းဝန်ခံရတဲ့ သတ္တိတွေကြောင့်လည်း Chalita ဟာလက်ရှိမှာတော့ ထိုင်းနိုင်ငံရဲ့ အာင်မြင်ကျော်ကြားလူကြိုက်များတဲ့ မော်ဒယ်တစ်ယောက်ဖြစ်နေပြီပဲ ဖြစ်ပါတယ်။

phto from google
phto from google
phto from google
phto from google
phto from google
phto from google

သတင်း အရင်းအမြစ်ptama.net

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T