သတို့သမီးအရံ ယောကျာ်းလေးတွေနဲ့ အများနဲ့မတူတာ တစ်ခုကို ပြုလုပ်ခဲ့တဲ့ သတို့သမီးလောင်း

//s9.kh1.co/b5/b5abe103d08504786d1534753c8d6b4c9756879f.jpg
နိုင်ငံတကာသတင်းများ

 ၁၇-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

မိန်းကလေးတွေအနေနဲ့ ကိုယ်မင်္ဂလာဆောင်တဲ့အခါမှာ ကိုယ့်သူငယ်ချင်းတွေကို သတို့သမီးအရံလေးလုပ်ခိုင်းပြီး Prewedding ပုံလှလှလေးအတူတူရိုက်ချင်တဲ့စိတ်ကူးလေးတွေရှိပါတယ်။ဒါပေမယ့် မိန်းကလေးသူငယ်ချင်းနည်းတဲ့သူတွေကတော့ တကယ်တမ်း ကိုယ်မင်္ဂလာဆောင်တဲ့အခါ သူငယ်ချင်းတွေကို သတို့သမီးအရံလုပ်ခိုင်းဖို့အတွက် အခက်အခဲတွေ ရှိကောင်းရှိနိုင်ပါတယ်။

ဘရာဇီးနိုင်ငံသူ ရေဗက်ကာလို့ခေါ်တဲ့ မိန်းကလေးတစ်ဦးဟာဆိုရင်လည်း မင်္ဂလာဆောင်ဖို့ ရက်ကပ်နေချိန်မှာ သတို့သမီးအရံလုပ်မယ့် မိန်းကလေးသူငယ်ချင်းမရှိလို့ စိတ်ကူးလေးတစ်ခုရခဲ့ပါတယ်။

photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders

သူမဟာ ကျောင်းသား(၆၀)သာရှိတဲ့ သူမတက်ရောက်နေတဲ့ ကွန်ပြုတာအင်ဂျင်နီယာအတန်းမှာတက်ရောက်နေသူတစ်ယောက်ဖြစ်ပြီး ၎င်းအယောက် ၆၀ ထဲမှာ မိန်းကလေးဆိုလို့ သူမအပါအဝင်မှ ၄ ဦးပဲရှိပါတယ်။

ရှိတဲ့မိန်းကလေးတွေကလည်း သတို့သမီးအရံလုပ်ပေးဖို့အဆင်မပြေတာကြောင့် နောက်ဆုံးမှာ မင်္ဂလာဦးဓာတ်ပုံလှလှလေးရိုက်ဖို့ သူမကို ခင်မင်ကြတဲ့ ယောကျာ်းလေးသူငယ်ချင်းတွေကိုအကူအညီတောင်းခဲ့ရပါတယ်။သူမဟာ ပွဲမတိုင်ခင်အတော်လေး ခေါင်းခြောက်ခဲ့ရပြီး သူများတွေလို သတို့သမီးအရံဝတ်စုံလှလှလေးတွေဝတ်ထားတဲ့ သူငယ်ချင်းတွေအလယ် အမိုက်စားပုံလေးတွေရိုက်ချင်ပေမယ့် အဲ့လိုမလုပ်နိုင်တာ စိတ်မကောင်းဖြစ်မိတယ်လို့ ပြောပါတယ်။

photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders

ဒါပေမယ့် တကယ်တမ်းကျတော့ ဒီစိတ်ကူးလေးရလိုက်တာ ပိုတောင်ပျော်ဖို့ကောင်းကြောင်း နဲ့ သူမကိုတကယ်ချစ်ခင်တဲ့ ယောကျာ်းလေး သူငယ်ချင်းတွေကလည်း သူမအတွက် ဘာမဆိုကူညီပေးလို့ ဝမ်းသာကျေနပ်မိကြောင်း ပြောပြခဲ့ပါတယ်။

သူငယ်ချင်းယောကျာ်းလေးတွေ နဲ့ပျော်ပျော်ပါးပါး နောက်ပြောင်ကာ ရိုက်ထားတဲ့ သူမရဲ့ Prewedding ဓာတ်ပုံလေးတွေဟာ လူမှုကွန်ယက်ပေါ်မှာ တင်လိုက်လိုက်ချင်းမှာပဲ စိတ်ဝင်စားမှုများပြားခဲ့ပါတယ်။လူတိုင်းကတော့ သူမတို့ သူငယ်ချင်းတစ်သိုက်ကို ချီးကျုးစကားဆိုခဲ့ကြသလို သူများမင်္ဂလာဦးဓာတ်ပုံလေးတွေနဲ့မတူပဲ ပိုပြီးဆန်းသစ်နေတာကြောင့် အားကျစရာဖြစ်ခဲ့ပါတယ်။ ပရိသတ်တွေရော ယောကျာ်းလေးသူငယ်ချင်းတွေနဲ့ ဒီလို Prewedding ဓာတ်ပုံလေးတွေ မရိုက်ချင်ကြဘူးလား။

photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders
photo credit - Elitereaders

သတင်း အရင်းအမြစ်Elitereaders

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T