ရန်ကုန်မြို ့ တောင်ဥက္ကလာမြို ့နယ် ၁၂ရပ်ကွက် ဘရဏီ ၁လမ်းအောက်လမ်း အိမ်အမှတ် ၄၁/က တွင်နေထိုင်သူ အဖွားတစ်ယောက်ကို

စည်ပင်ဝန်ထမ်းဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတစ်ယောက်က ရေကန်ထဲပိုးသတ်ဆေးလာဖြန်းသည်ဟု လိမ်ညာ၍ အိမ်ထဲဝင်ကာ

အနုကြမ်းစီးမှုတစ်ရပ်ဖြစ်ပွားခဲ့ပါတယ် ။ အိမ်မှာအဖွား ဒေါ်နွယ်နွယ်အေး တစ်ယောက်တည်းရှိနေစဉ်မှာ စည်ပင်ဝတ်စုံ နဲ့ အမျိူးသမီး တစ်ယောက်သည် ရေကန်ထဲသို့ပိုးသတ်ဆေးလာခတ်တာပါ ဆိုပြီးအော်ပြောတယ်လို့ သိရပါတယ် ။ အိမ်ထဲဝင်ခွင့်ပြုလိုက်စဉ်မှာ အိမ်သာထဲကိုတန်းခေါ်သွားပြီး အဖွားလက်မှာရှိတဲ့ လက်ကောက် ၁၄ ကွင်းကို ချွတ်ယူပြီး လက်တစ်ဖက်ကဘောပင်နဲ့ အဖွားလည်ပင်းကိုထောက်ထားပါတယ် ။

လက်ကောက်အားလုံးချွတ်ပြီးတော့ အဖွားကြီး ကျွန်မလက်ကောက်တွေလည်းရပြီ ရှင့်ကိုသတ်ပစ်ရမလားလို့ အဖွားကြီးကိုမေးတော့ အဖွားကြီးက ကယ်ကြပါဦး ကယ်ကြပါဦး ဆိုပြီးအော်ခေါ်ရာမှ ဘေးအိမ်မှ အန်တီတစ်ယောက်နဲ့ ဦး လေးကြီးတို့ နှစ်ယောက် ထွက်လာပြီး အိမ်ထဲ သိုဝင်လာကာသူ၏လက်ထဲတွင် အဖွား၏ လက်ကောက်များနှင့် အဖွားအား လည်ပင်းကိုဘောပင်နဲ့ထိုးနေတာကို မြင်ရသဖြင့် အတင်းဆွဲကြ ပြီးအော်ခေါ်တာ အခုတော့ အဲ့ မိန်းမကို မိသွားပါပြီ ရဲလက်ထဲလည်းအပ်လိုက်ပါပြီ နောက်နောင်ဒီလိုလူမျိူးနဲ့ မတွေ့မိအောင် share ပေးချင်းဖြင့်မျှဝေကြပါ လို့Aye Chan Moe ဆိုတဲ့ ဖေ့ဘွတ်အကောင့်ပိုင်ရှင်ကဖြစ်စဉ် ကိုပြောပြထားတာဖြစ်ပါတယ် ။

(Video File အောက်တွင်ကြည့်ရှုနိုင်ပါသည်)

သတင်းအရင်းမြစ် Aye Chan Moe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။