ရေအရမ်းကြောက်တတ်ပေမယ့် တစ်နေ့ကို ရေထဲမှာ ၁၂ နာရီလောက် အလုပ်လုပ်နေရတဲ့ မိန်းကလေး

//s9.kh1.co/9c/9cbc8fda08a33d858492bd0b52868f5decc9ebd0.jpg
နိုင်ငံတကာသတင်းများ

 ၁၈-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

တရုတ်ပြည်နိုင်ငံက Cai Qian လို့ခေါ်တဲ့ အမျိုးသမီးတစ်ယောက်ဟာ ရေအရမ်းကြောက်တတ်ပြီး သူမအသက် 22 နှစ်လောက်ထိ ရေလုံးဝမကူးတတ်ပါဘူး ။ ဒါပေမယ့် သူမရဲ့ ဘဝအသက်မွေးဝမ်းကြောင်းအရ ရေကြောက်တတ်တဲ့ အကျင့်ကို ပြင်ပီး ရေထဲမှာ အလုပ်လုပ်ရဖို့ ဖြစ်လာတဲ့အချိန်မှာတော့ Cai Qian ဟာ သူမကိုယ်သူမ လုံးဝအပြောင်းအလဲကြီး ပြောင်းလဲခဲ့ပါတယ်။

photo credit - Mirror
photo credit - Mirror

သူမဟာ Xiangyang မြို့မှာရှိတဲ့ ရေအောက်ကမ္ဘာမှာ အလုပ်လုပ်ဖို့အတွက် ရေကူးကို ကျွမ်းကြင်အောင် အချိန်ခနလေးအတွင်းသင်ခဲ့ရပြီး တစ်နေ့ကို 12 နာရီလောက် ရေအောက်ထဲမှာ အလုပ်လုပ်ခဲ့ရပါတယ်။

သူမဟာ တစ်ရက်ကို ပွဲပေါင်း ၇ ပွဲလောက် တင်ဆက်ပြသရပြီး ဆားငန်ရေတွေကိုဆေးကြောဖို့အတွက် တစ်နေ့ကို ရေရှစ်ခါလောက်ချိုးရပါတယ်။တရုတ်ပြည်မှာ အများပြည်သူ ပိတ်ရက်တွေလည်းများတာကြောင့် သူမအလုပ်လုပ်တဲ့ ရေအောက် ကမ္ဘာကို လာရောက်လည်ပတ်သူများပြားပြီး Cia Qian ကလည်း ရေသူမဝတ်စုံ အမျိုးမျိုးလဲပြီး လာရောက်လည်ပတ်သူတွေကို အမျိုးမျိုးသော တင်ဆက်မှုတွေနဲ့ ဖျော်ဖျေပေးရတာပဲဖြစ်ပါတယ်။

photo credit - Mirror
photo credit - Mirror
photo credit - Mirror
photo credit - Mirror

Cai Qian အလုပ်လုပ်တဲ့ ရေအောက်ကမ္ဘာ မှာ ရေသတ္တဝါပေါင်း ၅၀၀၀ လောက်ရှိပြီး ငမန်းတွေ၊ ငါးရှဉ့်တွေ၊ ပင်လယ်လိပ်တွေကိုလည်းပြသထားပါတယ်။ Cai Qian ကပြောကြားရာမှာ သူမအနေနဲ့ ဒီအလုပ်ကို မလုပ်မီ ၁ လလောက် အထိရေမကူးတတ်သော်လည်း အလုပ်ရရှိဖို့ အတွက် ရေကူးတတ်အောင်အလျင်အမြန်လေ့ကျင့်ခဲ့ရတယ်လို့ဆိုပါတယ်။အသက် 20 ကျော်အရွယ်ထိ ရေအရမ်းကြောက်တတ်တဲ့ Cai Qian ဟာ အခုဆိုရင် ရေကူးအရမ်းကျွမ်းကျင်တဲ့ သူတစ်ယောက်ဖြစ်နေခဲ့ပြီပဲဖြစ်ပါတယ်။

photo credit - Mirror
photo credit - Mirror
photo credit - Mirror
photo credit - Mirror

သတင်း အရင်းအမြစ်Mirror

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T