အကြွေစေ့ ခုနှစ်သောင်းကိုသုံးပြီး လက်ရာမြောက်တဲ့ ဖန်တီးမှုတစ်ခုကို ပြုလုပ်ခဲတဲ့ ဆံပင်ညှပ်ဆိုင်ပိုင်ရှင်

//s9.kh1.co/79/79cb435d4073cf638db6fcd9e1c06fbcda3030dd.jpg
နိုင်ငံတကာသတင်းများ

 ၁၈-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီအမျိုးသားကတော့ UK က Dudley မှာဖွင့်ထားတဲ့ BS4 ဆံပင်ညှပ်ဆိုင်ပိုင်ရှင် Rich Holtham ပဲဖြစ်ပါတယ်။သူဟာ ဆံပင်ညှပ်ဆိုင် ကြမ်းခင်းဖို့အတွက် ကြမ်းခင်းတဲ့ ကုမ္ပဏီကို ဆက်သွယ်ခဲ့တဲ့အခါမှာ စုစုပေါင်းကုန်ကျငွေ ပေါင်(၁၀၀၀) ကုန်ကျမယ်ဆိုတာကို သိရခဲ့ပါတယ်။ဒါပေမယ့် သူဟာ ကြမ်းခင်းဖို့အတွက် ဒီလောက်ငွေအများကြီးကို မသုံနိုင်တာကြောင့် အကုန်အကြသက်သာမယ့် နည်းလမ်းတစ်ခုကို စဉ်းစားခဲ့ပါတယ်။

photo credit - demilked
photo credit - demilked
photo credit - demilked
photo credit - demilked

ဒါကတော့ ၎င်းဆံပင်ညှပ်ဆိုင်ပိုင်ရှင်ဟာ ပေါင် 700 သုံးပြီး အကြွေစေ့ (၇၀၀၀၀) ကိုဝယ်ယူခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ ဝယ်ယူထားတဲ့ အကြွေစေ့တွေကို အကွက်စေ့စေ့နဲ့ တစ်စေ့ချင်းစီ ကြမ်းခင်းပေါ်မှာ ညီညီညာညာ ခင်းခဲ့တာပဲဖြစ်ပါတယ်။အကြွေစေ့ အားလုံးကို ခင်းပြီးသွားတဲ့ အချိန်မှာတော့ သူ့ဆိုင်ရဲ့ ကြမ်းခင်းဟာ တော်တော်လေးလှပသွားခဲ့ပြီး လက်ရာမြောက်တဲ့ ဗိသုကာ လက်ရာတစ်ခုအဖြစ် လူအများက ချီးကျူးခဲ့ကြပါတယ်။

photo credit - demilked
photo credit - demilked
photo credit - demilked
photo credit - demilked

သူ့ရဲ့ တမူးထူးခြားတဲ့ ဒီစိတ်ကူးလေးဟာ လေးစားစရာလည်းကောင်းသလို ဖန်တီးထားတဲ့ပုံစံလေးကလည်း လက်ရာမြောက်လှပါတယ်။ဒါ့အပြင် သူဟာ ဈေးသက်သာပြီး ဆန်းသစ်လှပလှတဲ့ ကြမ်းခင်းဒီဇိုင်းတစ်ခုကိုပါ ဖန်တီးပြလိုက်သလိုဖြစ်တာကြောင့် စိတ်ဝင်စားသူတွေလည်း တော်တေ်ာလေးကို များသွားခဲ့တာပါ။ ဒီနည်းလမ်းလေးက အကုန်အကြလဲသက်သာသလို လှလဲလှတယ်နော် ပရိသတ်ကြီး။

photo credit - demilked
photo credit - demilked
photo credit - demilked
photo credit - demilked
photo credit - demilked
photo credit - demilked
photo credit - demilked
photo credit - demilked
photo credit - demilked
photo credit - demilked

သတင်း အရင်းအမြစ်demilked

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T