ကမ္ဘာပေါ်က နာမည်အကြီးဆုံးနဲ့ အကျော်ကြားဆုံး ကလေး hackers များ

//s9.kh1.co/05/056a51d9c313092cc1198d4ecd7b2f5fb331dfe4.jpg
ဗဟုသုတအဖြာဖြာ

 ၁၈-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

နည်းပညာခေတ်က အရမ်းမြန်မြန်ဆန်ဆန်တိုးတက်လာတာနဲ့အမျှ Hackerတွေကလည်း အရေးကြီးတဲ့အပိုင်းမှာပါဝင်ပါတယ်။Hackerတစ်ယောက်ဖြစ်ဖို့ကလည်း မလွယ်ကူလှသလို Hacking ဆိုတဲ့ နည်းပညာဟာ ရှုပ်ထွေးပြီး ကွန်ပျူတာ ကျွမ်းကျင်တိုင်း Hacker သမားတစ်ယောက်မဖြစ်နိုင်ပါဘူး။ Hacker တစ်ယောက်ဖြစ်ဖို့အတွက် ကျွမ်းကျင်မှု ၊ ထက်မြက်တဲ့ ဉာဏ်စွမ်းရည် ဖြတ်ထိုးဉာဏ်ဆိုတာလည်းလိုအပ်ပါသေးတယ်။ယခုအခါမှာတော့ ကလေးငယ်တွေလို့ထင်ရပေမယ့် ကမ္ဘာကြီးကို အန္တရာယ်ပေးနိုင်သလို နာမည်လည်းကြီးတဲ့ ကလေးHackerအကြောင်းကိုဖော်ပြပေးချင်ပါတယ်။

photo from google
photo from google

1. Betsy Davies

Best ကတော့ အသက် လက်ရှိမှာ အသက်10 နှစ်အရွယ်သာရှိတဲ့ ကလေးမလေး တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူမဟာ အသက် 7 နှစ်လောက်မှာ ကွန်ပျူတာ Tutorial တွေကိုကြည့်ပြီး Public Wifi Network တွေကို Hacking လုပ်နိုင်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ Public Wifi ရဲ့အားနည်းချက်ကိုတွေကိုပြသခဲ့တဲ့အတွက် ကမ္ဘာ့ Cyber Security အဖွဲ့အစည်းကိုတောင် တုန်လှုပ်စေခဲ့သူပါ။

photo from google
photo from google

2. Reubebn Paul

Reuben Paul ဟာ Texas ပြည်နယ် Austin မှာရှိတဲ့ School မှာပညာသင်ကြားနေတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ Reuben ဟာကျောင်းပွဲတစ်ခုမှာ Reuben ဟာစမတ်ဖုန်းအသုံးပြုတာနဲ့ပတ်သတ်ပြီး သရုပ်ပြတာကိုပြုလုပ်ခဲ့တဲ့အပြင် မိနစ်အနည်းငယ်အတွင်းမှာ Android ဖုန်းမှာရှိတဲ့ အချက်အလက်တွေ ကိုပိုင်ရှင် မသိအောင် ဘယ်လို ကူးယူနိုင်လည်းဆိုတာ ကိုပါပြောပြသခဲ့ပါတယ်။

photo from google
photo from google

 3. Kristoffer Von Hassel

Kristoffer ရဲ့မိဘတွေဟာ သူအသက်ငါးနှစ်အရွယ်လောက်က အပြင်ကနေပြန်လာတဲ့အချိန်မှာ သားဖြစ်သူ Kristoffer ဟာ Xbox ကိုဖွင့်ပြီးကစားနေတာကိုတွေ့လိုက်ရပါတယ်။ Xbox ကို Kristoffer ရဲ့ဖခင်ဟာ Passoword ခံထားခဲ့တာဖြစ်ပြီး သူ့အဖေ အကောင့်ကိုသူဘယ်လိုလုပ်ပြီးဖွင့်လည်းဆိုတာကတော့ စိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။

Kristoffer’s ရဲ့အဖေဖြစ်သူဟာ Cloud Service Company တစ်ခုရဲ့ Security Engineer တစ်ယောက်ဖြစ်တာကြောင့် သားဖြစ်သူရဲ့ Xbox အကောင့်ကိုဝင်ရောက်နိုင်တာနဲ့ ပတ်သတ်ပြီး မယုံကြည်နိုင်အောင်ဖြစ်ခဲ့ရပါတယ်။

photo from google
photo from google

4. CyFi

CyFi ကတော့ သူမ Calfornia မှာကျောင်းတက်နေစဉ်တုန်းက GarmVille Games ကိုစောင့်ဆိုင်းပြီး ကစားရတဲ့အပေါ်သူမဟာ ငြီးငွေ့ခဲ့ပါတယ်။ ဒါကြောင့် ဒီဂိမ်းကို သူမဘာသာ ပြင်ဆင်ပြီးကစားဖို့အတွက်ဆုံးဖြတ်ခဲ့ပြီး Android နဲ့ iOS တွေမှာ ဂိမ်းကိုပြင်ဆင်ကစားနိုင်တဲ့နည်းလမ်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

CyFi ပြောခဲ့တာကတော့ “ Game တစ်ခု ကစားဖို့ကို အချိန်တွေအကြာကြီးစောင့်ရဖို့မလိုပါဘူး။ ဘာလို့ အချိန်ကိုမပြောင်းလဲနိုင်ရမှာလဲ ? “ ဆိုတာပဲဖြစ်ပါတယ်။

photo from google
photo from google

5. Anonymous From Canada

ဒီကလေး Hacker ရဲ့ နာမည်ကို တော့ Unknown လို့ပဲသိရပြီး သူ့ရဲ့ အသက်နဲ့ သူလုပ်ဆောင်ခဲ့တဲ့ အကျိုးဆက်တွေကိုတော့မသိရသေးပါဘူး။ သူဟာ အသက် (၁၂) နှစ်အရွယ်မှာ ငယ်ရွယ်တဲ့ဒီ Canadian Hacker ဟာ ကျောင်းသားဆန္ဒပြပွဲတွေကို ဆန့်ကျင်ကြောင်း ဝန်ဆောင်မှုပေးတဲ့ Website တွေကို Dos Attacks လုပ်ခဲ့ပါတယ်။Monreal မှာနေထိုင်တဲ့ ဒီကလေး Hacker ဟာ အစိုးရပိုင် Website တွေဖြစ်တဲ့ Institute Of Public Health နဲ့ Chilean Government တို့အပါအဝင် အများအပြားကို တိုက်ခိုက်ခဲ့ဖူးပါတယ်။

သတင်း အရင်းအမြစ်appknox

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T