ကားရှေ့ပြေးထွက်လာတဲ့ ညီမဖြစ်သူကို အသက်စွန့်ပီး ကယ်တင်ခဲ့တဲ့ ကောင်လေး

//s9.kh1.co/51/510a5781831100bc293f33e24848cc0f9f808373.jpg
နိုင်ငံတကာသတင်းများ

 ၂၀-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီဖြစ်ရပ်လေးကတော့ ဘရာဇီးနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်လေးတစ်ခုဖြစ်ပီး တကယ့်ကို လေးစားစရာ ဖြစ်ရပ်လေးတစ်ခုပါပဲ။

ဖြစ်ပွားခဲ့ပုံကတော့ အကိုဖြစ်သူဟာ လမ်းရဲ့တစ်ဖက်ခြမ်းမှာ ရှိနေတဲ့အချိန် ညီမလေးက လမ်းကို ဖြတ်ကူးပြီး အကို့ဆီကိုလာဖို့ ကျိုးစားခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=334,q=100/85/85ce8c002dcd861b8e601058df4ce389508d5105.jpg

ဒါပေမယ့် ကလေးဆိုတော့ လမ်းဘေးဝဲယာကို သေချာမကြည့်နိုင်ပဲ ကားတစ်စီးက အရှိန်နဲ့လာနေတာကို မမြင်ခဲ့ပါဘူး။

အဲ့အချိန်အကို ဖြစ်သူဟာ သူ့အသက်ကိုတောင်ပဓာန မထားတော့ပဲ ကားရှေ့ကို အမြန်ပြေးထွက်သွားပြီး ညီမဖြစ်သူကို ကယ်တင်ခဲ့ပါတယ်။

အကယ်၍ အကိုဖြစ်သူပြေးထွက်သွားတဲ့ အရှိန်သာ နည်းနည်းလေး နောက်ကြသွားမယ်ဆိုရင်တော့ ဒီမောင်နှစ်မ နှစ်ယောက်ရဲ့ဘဝက မတွေးရဲစရာပါပဲ။

https://s9.kh1.co/__image/w=600,h=283,q=100/01/0169c828d1ae4596dcca2af96ad3a2fbf161f758.jpg
https://s9.kh1.co/__image/w=600,h=335,q=100/ba/baff2b21e9b89fc7431a9a68254a2114d82511bc.jpg

ကံကောင်းလို့ နှစ်ယောက်လုံး အသက်ချမ်းသာရာရခဲ့ပေမယ့် စိတ်ထဲမှာတော့ တော်တော်လေး ထိတ်လန့်သွားခဲ့ကြပါတယ်။

ညီမလေးအနေနဲ့လည်း ဒီလိုအကိုမျိုးရထားတာ ကံကောင်းတယ်ဆိုပေမယ့် တကယ့်ကို ကံကောင်းစွာနဲ့ အသက်ဘေးကနေ သီသီလေး လွတ်လာခဲ့တာပါ။

ဒီလိုမတော်တဆ မှုမျိုးဆိုတာကလည်း မကြာခဏတွေ့မြင်ရတတ်တာကြောင့် ဒီဗီဒီယိုလေးကိုလည်း ဖော်ပြရင်း ကလေးငယ်လေးတွေ ရှိတဲ့ ပရိသတ်တွေအနေနဲ့လည်း သတိထားကြပါလို့ တိုက်တွန်းလိုက်ပါရစေ။

https://s9.kh1.co/__image/w=600,h=339,q=100/ee/eeb032d6df6507af2c56be98c204f8506ba9eec7.jpg
https://s9.kh1.co/__image/w=600,h=338,q=100/b9/b9e24d1c334472011102d8be4ea526cc2cfcdad0.jpg

သတင်း အရင်းအမြစ်Elitereaders

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T