ပေါက်ချောင်း 500 နီးပါးကို ပါးစပ်ထဲထည်ပြီး ဂင်းနစ်စံချိန်တင်နိုင်ခဲ့တဲ့ အမျိုးသား

//s9.kh1.co/74/744d04481ab1dc35a59b2d0abf332c5dd9a94716.jpg
နိုင်ငံတကာသတင်းများ

 ၂၁-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီအမျိုးသားဟာ အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ အိုဒီရှာပြည်နယ်မှာနေထိုင်တဲ့ အသက်၂၃နှစ်အရွယ် မာနွတ်ကူးမားမဟာရာနာဆိုသူဖြစ်ပါတယ်။သူဟာ ပိုက်ချောင်းပေါင်း၄၅၉ချောင်းကို သူ့ရဲ့ ပါးစပ်ထဲထည့်ပီး လက်နှင့်မကိုင်ပဲ ၁၀စက္ကန့်ကြာနေပြနိင်ခဲ့ပါတယ်။

photo From google
photo From google

ပထမအစပိုင်းပိုက်ချောင်းများကို ပါးစပ်ထဲထည့်တဲ့အခါမှာတော့ လက်နဲ့အနည်းငယ်ထိန်းခဲ့ရပီး မျက်နှာမော့တဲ့အချိန်မှာတော့ လက်ကိုမြှောက်ပြပီး စက္ကန့်ပိုင်းအကြာနေပြခဲ့တာပဲဖြစ်ပါတယ်။သူ့ရဲ့လက်တွေ့ပြသမှုကို ဂင်းနစ်အဖွဲ့ကတိုက်ရိုက်ကြည့်ရှုပီးတဲ့နောက် ဂင်းနစ်စာအုပ်ထဲမှာ မှတ်တမ်းတင်ပေးခဲ့တာပဲဖြစ်ပါတယ်။

photo From google
photo From google

ယခုလိုပုံစံနဲ့အလားတူ စံချိန်တင်ထားတာကတော့ ဗြိတိန်နိုင်ငံသား ဆီမွန်အီလ်မိုးဆိုသူဖြစ်ပီး သူကတော့ပိုက်ချောင်းပေါင်း၄၀၀ကိုပါးစပ်ထဲမှာထည့်ပီးစံချိန်တင်ထားခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့သူတင်ထားတဲ့စံချိန်ကို အိန္ဒိယနိုင်ငံသား မဟာရာနာက ၅၉ ချောင်းအသာနဲ့ကျော်ဖြတ်ပီး ကမ္ဘာ့စံချိန်ချိုးသွားခဲ့တာပဲဖြစ်ပါတယ်။ လက်ရှိအချိန်ထိတော့ မဟာရာနာကရဲ့ စံချိန်ကို ပြန်လည်ချိုးဖျက်နိုင်သူ မရှိသေးပါဘူး။

https://s9.kh1.co/__image/w=650,h=367,q=100/99/996ba0cec55723919233bfc0bd3ec2552f67c556.jpg

သတင်း အရင်းအမြစ်Guinness World Records

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T