ရပ်နေတဲ့ နေရာက ရုတ်တရက်ကျွံ့ကျတာကြောင့် ဘောင်နဲ့ရိုက်မိပြီး သတိပါမေ့သွားတဲ့ ကောင်မလေး

//s9.kh1.co/f9/f9fcc3f2fd101e908f1be5249a64dc772cf56d88.jpg
နိုင်ငံတကာသတင်းများ

 ၂၁-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ဒီဖြစ်ရပ်လေးကတော့ Brazil နိုင်ငံ Bberlandia က လမ်းမတစ်ခုပေါ်မှာဖြစ်ပွားခဲ့တာပါ။

ဖြစ်ပွားခဲ့ပုံကတော့ Laura Villarinho လို့ခေါ်တဲ့ ကောင်မလေးဟာ သူမရဲ့အမေနဲ့အတူ လမ်းဖြတ်ဖို့အတွက် ကားလမ်းမအလယ်က ပလက်ဖောင်းပေါ်မှာ ရပ်စောင့်နေခဲ့ပါတယ်။အဲ့အချိန်မှာပဲ သူမရပ်ထားတဲ့နေရာဟာ ရုတ်တရက်ကျွံ့ကျကာ နှစ်မီတာလောက်နက်တဲ့ အပေါက်ကြီးဖြစ်သွားခဲ့ပြီး သူမကိုယ်တိုင်လည်း ၎င်းအပေါက်ကြီးထဲကို ပြုတ်ကျသွားခဲ့ပါတယ်။

photo credit - Elite readers
photo credit - Elite readers

ပြုတ်ကျသွားခဲ့ချိန်မှာတော့ Laura ဟာ အပေါက်ရဲ့ ဘောင်တွေရဲ့ရိုက်မိပြီး သတိပါမေ့သွားခဲ့ပါတယ်။ဒါကိုမြင်လိုက်ရတဲ့ သူမရဲ့အမေဟာ ဘေးပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းခဲ့ပြီး ကူညီတဲ့သူတွေ ရောက်ရှိလာတဲ့အချိန်ထိတောင် Laura က သတိမရသေးပါဘူး။ အဲ့ဒီနောက်မှာတော့ ကူညီကယ်ဆယ်ရေးလုပ်သားတွေဟာ တွင်းထဲမှာ မလှုပ်မလျက် သတိမေ့မျောနေတဲ့ Laura ကို အပေါက်ကြီးထဲက ဝိုင်းဝန်းကယ်ဆယ်ခဲ့ကြပြီး ဆေးရုံကိုပို့ပေးခဲ့ကြပါတယ်။

photo credit - Elite readers
photo credit - Elite readers

မှန်းဆထားလို့မရတဲ့ ဒီလိုဖြစ်ရပ်မျိုးဆိုတဟာ အချိန်နေရာမရွေး ဖြစ်ပေါ်လာနိုင်တာကြောင့် ပရိသတ်တွေလည်း တနေနေရာရာမှာ တခုခုလုပ်တော့မယ်ဆိုရင် အမြဲသတိထားကြဖို့ လိုပါတယ်။

Laura လိုအဖြစ်ဆိုးမျိုး မကြုံရလေအောင် သတိထားနိုင်စေဖို့အတွက် သူမပြုတ်ကျသွားတဲ့ ဗီဒီယိုလေးကိုပါ ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Elite Readers

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T