မျှော့တွေကြောင့် သူမ ကိုယ်ဝန်ဆောင်နိုင်ခဲ့တာလို့ လက်ခံယုံကြည်ထားတဲ့ အမျိုးသမီး

//s9.kh1.co/53/530891cd2204313b22def6e1d04bc2424160c58d.jpg
နိုင်ငံတကာသတင်းများ

 ၂၁-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

လူတော်တေ်ာများများကတော့ မျှော့ဆိုရင် ထိတ်လန့်ကြောက်ရွံ့တတ်ကြပါတယ်။ မျှော့တွေကို တွေ့ပြီဆိုရင် ရှောင်ဖယ်သွားကြပြီး တွယ်ခံရမှာကို အရမ်းကြောက်တတ်ကြပါတယ်။ ဒါပေမယ့် မျှော့တွေဟာ ခန္ဓာကိုယ်ထဲက အညစ်အကြေးတွေကို စုပ်ထုတ်တဲ့နေရာမှာ အသုံးဝင်တာကြောင့် တချို့သူတွေကတော့ မျှော့တွေကို ဆေးကုသတဲ့နေရာမှာ အသုံးပြုကြပါတယ်။ London မှာနေထိုင်တဲ့ Nina Evans ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာဆိုရင်လည်း မျှော့တွေနဲ့ တရင်းတနှီးနေထိုင်ပြီး သူမရဲ့ရောဂါဟာ မျှော့တွေကြောင့် သက်သာလာတာလို့ ယုံကြည်ထားသူတစ်ဦးပဲဖြစ်ပါတယ်။

photo credit - Real Life Story Agency
photo credit - Real Life Story Agency
photo credit - Real Life Story Agency
photo credit - Real Life Story Agency

နီနာဟာ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်က ဆေးရုံသွားပြရာကနေ သူမရဲ့သားဥအိမ်ထဲမှာ ကင်ဆာဖြစ်စေတဲ့ ဆဲလ်တွေကို ဆရာဝန်တွေက ရှာဖွေတွေ့ရှိခဲ့ ပါတယ်။ အဲ့ဒီနောက်မှာတော့ သူမဟာ ပုံမှန်ကုသနည်းတွေမသုံးပဲနဲ့ မျှော့တွေနဲ့အတူ သူမရဲ့ရောဂါကို စတင်ကုသခဲ့ပါတယ်။ ဘာ့ကြောင့်လဲဆိုရင်ဟာ သူမဟာ သားအိမ်ထဲက ကင်ဆာဖြစ်စေတဲ့ ဆဲလ်သေတွေကို မျှော့တွေကသာ စုပ်ယူဖယ်ရှားနိုင်တယ် လို့ လက်ခံထားတာကြောင်ပဲဖြစ်ပါတယ်။

photo credit - Real Life Story Agency
photo credit - Real Life Story Agency
photo credit - Real Life Story Agency
photo credit - Real Life Story Agency

ဆဲလ်တွေကို မျှော့တွေက စုပ်ယူပြီးတဲ့နောက်မှာတော့ သူမရဲ့ သားအိမ်ကပြန်လည်ကျန်းမာလာပြီး ကိုယ်ဝန်ရရှိဖို့အတွက် လိင်ဆက်ဆံခြင်းတွေကိုလည်း တိုးတက်စေတယ်လို့ ဆိုပါတယ်။ဒါ့အပြင် နီနာဟာ ကလေးယူဖို့အတွက် သူမရဲ့သားအိမ်ကို မျှော့တွေက ပြန်လည်ကျန်းမာစေတယ်လို့ မှတ်ယူကာ ဒီနည်းနဲ့အတူ သူမက ကိုယ်ဝန်ဆောင်နိုင်ခဲ့တယ်လို့ ယခုထိတိုင်လက်ခံ ယုံကြည်နေဆဲပဲ ဖြစ်ပါတယ်။

photo credit - Real Life Story Agency
photo credit - Real Life Story Agency
photo credit - Real Life Story Agency
photo credit - Real Life Story Agency
photo credit - Real Life Story Agency
photo credit - Real Life Story Agency

သတင်း အရင်းအမြစ်Daily Mail

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T