ဂျပန်နို်င်ငံ သား(၃၀)ကျော်ကို တရုတ်နိ်ုင်ငံမှာ ဖမ်းဆီးထားတယ်အဏာပိုင်တွေက ထုတ်ပြန်လိုက်ကြောင်း Macau Daily Times မှာဖော်ပြထားပါတယ်။

အဆိုပါဖမ်းဆီးမှုက တယ်လီဖုန်းဆက်သွယ်မှုကနေ လိမ်လည်ပြီး ပိုက်ဆံရယူနေတယ်လို့ သံသယရှိတဲ့ ဂျပန်နိုင်ငံသားတွေကို ဖမ်းဆီးခြင်းဖြစ်ပါတယ်။ ဂျပန်အစိုးရကိုလည်း အခုလို ဖမ်းဆီးထောင်ချထားတာကို သတင်းတင်ပို့ပြီးဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးရာဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတစ်ဦးကဆိုပါတယ်။ 

အထက်ပါဖမ်းဆီးမှုဆိုင်ရာသတင်းကို အာဏာပိုင်တွေက ထုတ်ပြန်ရာမှာ တရုတ်နို်င်ငံအတွင်း တရားမဝင် လုပ်ငန်းတွေ လုပ်ကိုင်နေတယ်လို့ သံသယရှိတာကြောင့် ဂျပန်နိုင်ငံသားအများအပြား ဖမ်းဆီးထိန်းသိမ်းခံရတာပါ။

Aung 

သတင်းအရင်းမြစ် Macau Daily Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။