အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အာဖဂန်မိန်းကလေးအဖွဲ့ကို နိုင်ငံထဲ ဝင်ခွင့်ပြုသွားမယ်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ကြောင်း Washington Postမှာဖော်ပြထားပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံက ပြိုင်ပွဲဝင် မိန်းကလေး(၆)ဦးနဲ့ သူတို့ရဲ့အပေါင်းအဖော်တွေကို အမေရိကန်နိုင်ငံထဲဝင်ရောက်ခွင့်ရရှိဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ တောင်းဆိုခဲ့ပါတယ်။ အဆိုပါတောင်းဆိုချက်ကို အမေရိကန် နို်င်ငံသားရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ဝန်ဆောင်မှုအဖွဲ့က လက်ခံလိုက်တာဖြစ်ပါတယ်။ 

အပြည်ပြည်ဆိုင်ရာ စက်ရုပ်ပြိုင်ပွဲမှာ နိုင်ငံပေါင်း(၁၅၇)နိုင်ငံက အဖွဲ့ပေါင်း(၁၆၃)ဖွဲ့ လာရောက်ယှဉ်ပြိုင်မှာပါ။

Aung 

သတင်းအရင်းမြစ် Washington Post

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။