လအနည်းငယ်အတွင်း လွန်ခဲ့တဲ့ 15 နှစ်က မင်္ဂလာဝတ်စုံကိုတော်အောင် ဝိတ်ချနိုင်ခဲ့တဲ့ အမျိုးသမီး

//s9.kh1.co/6a/6ad749c856e21360163a9fed89fe9dd663b83c3c.jpg
နိုင်ငံတကာသတင်းများ

 ၂၂-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

Queensland ပြည်နယ် Harbey Bay မှာနေထိုင်တဲ့ ကလေးသုံးယောက်အမေ Lauren Kertland လို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးဟာ ၈လခွဲအတွင်း ၃၅ ကီလိုဂရမ်ကျအောင် ဝိတ်ချနိုင်ခဲ့ပြီး လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က မင်္ဂလာဝတ်စုံကို ပြန်ဝတ်နိုင်ခဲ့ပါတယ်။သူမဟာ နေ့တိုင်း ကြက်တောင်ပံတွေနဲ့ chicken strips တွေကိုနေ့တိုင်းစားခဲ့တာကြောင့် တဖြေးဖြေးဝလာပြီး ကျန်းမာရေးမကောင်းဖြစ်လာခဲ့ပါတယ်။

photo credit - Daily Mail
photo credit - Daily Mail
photo credit - Daily Mail
photo credit - Daily Mail

အဲ့ဒီနောက်မှာတော့ Lauren ဟာအဝလွန်မှုကြောင့် plantar fasciitis ဆိုတဲ့ ရောဂါဖြစ်ပြီး အဲ့ရောဂါကြောင့် လမ်းလျှောက်ရင်ဘဲဖြစ်ဖြစ် အိပ်ရာကထရင်ဘဲဖြစ်ဖြစ် အပြင်းအထန်နာကျင်မှုခံစားရပါတယ်။ ဆရာဝန်ကလည်း သွေးပေါင်ချိန်မြင့်တက်မှုကို သတိပေးလာခဲ့ပြီး တစ်ရေးနိုးလို့ အိမ်သာသွားချင်ရင်တောင် ခက်ခဲလို့ ငိုချင်ခဲ့ပါတယ်လို့ ပြောခဲ့ပါတယ်။အရမ်းဝလာတဲ့ Lauren ဟာ အဝတ်အစားတွေလည်း ဝတ်လို့အဆင်မပြေတော့သလို တဖြေးဖြေးနဲ့ သိမ်ငယ်စိတ်တွေပါဝင်လာခဲ့ပါတယ်။

photo credit - Daily Mail
photo credit - Daily Mail
photo credit - Daily Mail
photo credit - Daily Mail

ဒါ့ကြောင့် သူမဟာ ဝိတ်ချကိုချမှရတော့မယ်လို့ ဆုံးဖြတ်ခဲ့ပြီး 8 လခွဲအတွင်းမှာ 35 ကီလိုဂရမ်လောက်ကြအောင် ဝိတ်ချနိုင်ခဲ့ပါတယ်။ဒီလိုဝိတ်ကျဖို့အတွက် Lauren ဟာ လေ့ကျင့်ခန်းပုံမှန်လုပ်သလို အစားအစာကိုလည်း မနက်စာကို အသီး နေ့လည်စာဆို Sandwich ဒါမှမဟုတ် တူနာနဲ့ အရွက်စားပြီး ညနေစာကို အသီးအရွက် ဒါမှမဟုတ် ကြက်သားစွပ်ပြုတ်ကိုသာစားသုံးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ Lauren ဟာ သူမရဲ့ကြိုးစားမှုနဲ့ ထိုက်တန်တဲ့ အသီးအပွင့်ကို ခံစားခဲ့ရပြီး လွန်ခဲ့တဲ့ ဆယ့်ငါးနှစ်က သူမဝတ်ဆင်ခဲ့တဲ့ မင်္ဂလာဝတ်စုံကို ပြန်လည်ဝတ်နိုင်ခဲ့ပါတယ်။

photo credit - Daily Mail
photo credit - Daily Mail

သတင်း အရင်းအမြစ်Daily Mail

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T