ဘရာဇီးသမ္မတဟောင်း လူလာ ဒါ ဆေးလ်ဗားကို ထောင်ဒဏ် (၉) နှစ်ကျော်ကြာ ချမှတ်လိုက်တယ်လို့ New York Times သတင်းစာမှာဖော်ပြထားပါတယ်။

အကျင့်ပျက်ချစားမှုစွဲချက်တွေနဲ့ ပြစ်မှုထင်ရှားတာကြောင့် ဘရာဇီးသမ္မတဟောင်းကိုအခုလို ထောင်ဒဏ်ချမှတ်ခဲ့ပေမယ့်မစ္စတာ ဆေးလ်ဗားမှာ အယူခံဝင်ခွင့်ရှိသေးတယ်လို့ တရားသူကြီးက စည်းမျဉ်းသတ်မှတ်လိုက်ပါတယ်။ 

မစ္စတာ ဆေးလ်ဗားဟာ နိုင်ငံပိုင်ရေနံကုမ္ပဏီကနေ လာဘ်စားတဲ့အနေနဲ့ တိုက်ခန်းတစ်ခန်း လက်ခံခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပေမယ့် အဆိုပါ စွပ်စွဲချက်တွေကို ငြင်းဆိုထားပြီး သူ့အနေနဲ့ အမှားတစ်စုံတစ်ရာမပြုလုပ်ခဲ့ကြောင်း ဆိုထားပါတယ်။

Aung

သတင်းအရင်းမြစ် New York Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။