အက်ပဲလ်ကုမ္ပဏီက တရုတ်ပြည်မကြီးအစိုးရနဲ့ ပူးပေါင်းNပီး ဒေတာစင်တာ ဖွင့်လှစ်သွားဖို့စီစဉ်နေကြောင်းကြေညာချက်ကို ABC News မှာဖော်ပြထားပါတယ်။  

အက်ပဲလ်ဖုန်းတွေရဲ့ iCloud အကောင့်တွေ လုံခြုံရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်နေတာကြောင့် Guizhou ပြည်နယ်ရှိ တရုတ်အစိုးရပိုင် ကုမ္ပဏီနဲ့ပူးပေါင်းပြီး ပူးပေါင်းပြီး ဒေတာစင်တာ ဖွင့်လှစ်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

အဆိုပါလုပ်ဆောင်ချက်ကြောင့် Guizhou ဒေသရှိ ဒေတာ စင်တာအနေနဲ့ တရုတ်ပြည်မကြီးက အက်ပဲလ်ထုတ်ကုန်အသုံးပြုသူတွေ iCloud ပေါ် တင်လိုက်တဲ့ ပုံတွေ၊ဗီဒီယိုတွေ၊ အချက်အလက်တွေနဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို သိမ်းဆည်းပေးသွားမှာပါ။

Aung 

သတင်းအရင်းမြစ် ABC News

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။