အင်ဒိုနီးရှားနို်င်ငံက ချမှတ်ထားတဲ့ နို်င်ငံရေးသဘောထားအမြင်နဲ့ ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေကို သမ္မတ ဂျိုကို ဝီဒိုဒိုက တားမြစ်မိန့် ဥပဒေ ထုတ်ပြန်လိုက်ကြောင်း The News International မှာဖော်ပြထားပါတယ်။ 

အဆိုပါထုတ်ပြန်ချက်က မူစလင်လူမျိုးတွေ အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံအတွင်း ISစစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှု မြင့်တက်လာမှာကို စိုးရိမ်တဲ့ အနေနဲ့ထုတ်ပြန်လိုက်တာ ဖြစ်တယ်လို့ သတင်းအရင်းအမြစ်တွေကဆိုပါတယ်။ 

ထုတ်ပြန်ချက် ဥပဒေကြောင့် Hizb ut-Tahrir Indonesia(HTI) အမည်ရှိ အစွန်းရောက် အဖွဲ့ကို ဖျက်သိမ်းနိုင်ဖို့ ရည်ရွယ်ချက်ဖြစ်နိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Aung

သတင်းအရင်းမြစ် The News International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။