သြစတြေးလျနိုင်ငံသား အမျိုးသားတစ်ဦးက ထိုင်းနိုင်ငံ ဖူးခတ်ကမ်းခြေမှာ အပျော်လေထီးစီးစဉ် ပေ(၂၀၀)ကျော်အမြင့်ကနေ ပြုတ်ကျခဲ့တာကြောင့် သေဆုံးသွားခဲ့ကြောင်း ABC Online မှာဖော်ပြထားပါတယ်။ 

အသက်(၇၁)နှစ်အရွယ် စီးပွားရေးလုပ်ငန်းရှင် Roger John Hussey ဆိုသူ နဲ့ နောက်ထပ် အမျိုးသားတစ်ဦးက စပိဘုတ်ဆွဲသွားတဲ့ လေထီးကို လိုက်ပါစီးနင်းစဉ် (၁၃)စက္ကန့်အကြာမှာ Husseyက အောက်ကို ပြုတ်ကျခဲ့တာဖြစ်ပါတယ်။ ကမ်းခြေအနီးကလူတွေက သူ့ကို သွားရောက်ကူညီခဲ့ပေမဲ့ သတိလစ်မေ့မြောနေခဲ့ပြီးနောက် ဆေးရုံရောက်မှ သေဆုံးခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။

အပျော်လေထီးစီးနေစဉ် ကြိုးတွေရှုပ်ထွေးနေပြီး မတော်တဆ ကြိုးတစ်ကြိုးကို ဆွဲမိလိုက်ချိန်မှာ အခုလိုမျိုးအောက်ကို ပြုတ်ကျသွားခဲ့တာဖြစ်တယ်လို့ ဒေသခံမီဒီယာမှာ ဖော်ပြထားသလို လက်ရှိမှာတော့ အပျော်လေထီး ဝန်ဆောင်မှုပေးတဲ့ တာဝန်ရှိသူတွေနဲ့ စပိဘုတ်ယာဉ်မောင်းကို လူသေဆုံးမှုဖြစ်အောင် မဆင်မခြင်မောင်းနှင်မှုနဲ့ တရားစွဲဆိုထားပါတယ်။

Aung

သတင်းအရင်းမြစ် ABC Online

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။