ငရဲမုဒ်၀ လို့လူအများတင်စားခေါ်ဆိုကြတဲ့ ကမ္ဘာပေါ်က ကျင်းနက်ကြီး

//s9.kh1.co/b9/b9797c4e65fe99380d3dbac234a1657f4d0de822.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

ရုရှားနိုင်ငံမှ ငရဲမုခ်၀ မြို့တော်ဟု ထင်ရှားသည့် နေရာသည် ကျင်းနက်ကြီးတစ်ခုဖြစ်သော်လည်း ဒီကျင်းနက်ကြီးဟာ သဘာဝအတိုင်းဖြစ်လာတာတော့မဟုတ်ပါဘူး ။ ဒီကျင်းနက်ကြီးဟာ လူတွေစိန်တူးဖော်ထားတဲ့ ကျင်းဟောင်းကြီးတစ်ခုဖြစ်ပြီး အသုံးမပြုပဲထားတာ ကြာမြင့်နေပြီဖြစ်တဲ့ ကျင်းဟောင်းကြီးတစ်ခုပဲဖြစ်ပါတယ်။

ဒီကျင်းကြီးဟာ ကြီးမားလွန်းတာကြောင့် အာကသထဲကနေတောင် အထင်းသားမြင်နိုင်ပြီး အပေါ်ကနေ ဘာယာဉ်မှ ဖြတ်မပြန်ရဲအောင် နာမည်ကြီးတဲ့ ကျင်းကြီးပဲဖြစ်ပါတယ်။

photo from google
photo from google

ဒီကျင်းကြီးဖြစ်ပေါ်လာပုံကတော့ ရုရှားလူမျိုးတွေဟာ စိန်သတ္ထုသိုက်ကြီးကို ၁၉၅၀ ပြည့်နှစ်များတွင်တွေ့ရှိခဲ့တာကြောင့် အေးခဲနေတဲ့ ရေခဲပြင်ကိုဖောက်ပြီး စိန်တွေကို တူးခဲ့ကြပါတယ်။

အဲ့ဒီလိုတူးဖော်တဲ့နေရာမှာတော့ ဂျက်အင်ဂျင်တွေ ၊ပေါက်ကွဲပစ္စည်းများသုံးကာ တူးဖော်ခဲ့ကြပြီး ၎င်းစိတ်တွင်းကြီးကို နောက်ထပ် နှစ် ၄၀ ကြာအောင် တူးဖော်ခဲ့ကြပါတယ်။

သမိုင်းတွေအရတော့ ၎င်းတွင်းကြီးက အလွန်ကျယ်ဝန်းတာကြေင့် ရဟတ်ယာဉ်တွေ ဖြတ်သန်း၍မပျံသန်းနိုင်ဟုဆိုကြပြီး တွင်းပေါ်မှ ဖြတ်ကျော် ပျံသန်းသည့် ရဟတ်ယာဉ်တွေဟာလည်း တွင်းအတွင်းသို့ ဆွဲအားတစ်ခုကြောင့် ပျက်ကျလေ့ရှိကြောင်း လည်း သိရပါတယ်။

photo from google
photo from google

၎င်းတွင်းကြီးကို တူးဖော်နေတဲ့အချိန် အလုပ်သမားတွေကို နေရာချထားပေးဖို့အတွက်လည်း အဆိုပါ ကြီးမားသောတွင်းကြီး ပတ်လည်မှာ ထူးခြားသော မြို့ကြီးတစ်ခုကို တည်ထားခဲ့ကြပါတယ်။၎င်းသတ္ထုတွင်းကြီးကိုတော့ ၂၀၀၄ ခုနှစ်တွင် ပိတ်သိမ်းခဲ့ပြီး ပတ်လည်ကထူးခြားတဲ့ မြို့ကြီးကလည်း လက်ရှိမှာ ဟောင်းလောင်းကျန်နေခဲ့ပါတယ်။

ယခုအခါမှာတော့ ၎င်း Mir စိန်တွင်း ဟောင်း ကြီးကို စစ်အေးကာလလွန် သမိုင်းဝင် အမှတ်လက္ခဏာ တစ်ရပ်ဟု ခေါ်ဆိုလျက်ရှိကြပါတယ်လို့ သိရပါတယ်။

photo from google
photo from google
photo from google
photo from google

သတင်း အရင်းအမြစ်မောင်သာရှေးဟောင်း သုတေသန

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T