ကလေးသရဲ ခြောက်လှန့်လို့ အခုအချိန်ထိ ဘယ်သူမှ မနေရဲကြတဲ့ အာလူးအိမ်လေး

//s9.kh1.co/53/5301119ccd088469cadfa03a9b408f164aed0aa8.jpg
ဗဟုသုတအဖြာဖြာ

 ၂၃-ဒီ-၂၀၂၀ ၃pm · လွန်ခဲ့သော ၃ နှစ် က

.

အင်ဒိုနီးရှားနိုင်ငံရဲ့ မြို့တော် ဂျကာတာ မှာတော့ Potato House (အာလူးအိမ်) လို့ ဒေသခံတွေက ခေါ်ဝေါ်ကြတဲ့ အိမ်လေးတစ်အိမ်ရှိပါတယ်။ ဒီအိမ်နာမည်လေးကိုကြားလိုက်တာနဲ့ အနည်းငယ်ထူးဆန်းနေတယ်လို့ ထင်ကောင်းထင်မိနိုင်ပေမယ့် ဒီအိမ်လေးမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို သိလိုက်မယ်ဆိုရင်တော့ ထိတ်လန့်သွားနိုင်ပါတယ်။

photo credit - Lifeboyan
photo credit - Lifeboyan

ဒီအိမ်မှာဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးကတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်လောက်က ဒီအိမ်ကြီးထဲမှာ စားစရာထုတ်ကုန် တစ်မျိုးအတွက် အာလူးကို အိုးကြီးထဲထည့်ပီး ကျိုးချက်နေစဉ်မှာ ကလေးငယ်လေးတစ်ဦးဟာ ၎င်းအာလူးအိုးကြီးထဲ မတော်တဆပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။အဲ့အချိန်မှာထူးဆန်းတာက အားလူးအိုးထဲပြုတ်ကျသွားတဲ့ ကလေးငယ်လေးရဲ့အလောင်းကို အစအနတောင်ရှာလို့မရခဲ့ဘူး။

photo credit - Lifeboyan
photo credit - Lifeboyan

ဒီအဖြစ်အပျက်ဖြစ်ပီး နောက်ပိုင်းမှာတော့ ဒီအိမ်လေးထဲကို ဝင်လိုက်တာနဲ့ အာလူးပြုတ်အနံ့တွေရနေတတ်သလို တစ်ခါတလေဆိုရင်လည်း ကလေးငယ်လေးတစ်ယောက် အော်ငိုနေတဲ့အသံကိုပါ ကြားနေရတတ်ပါတယ်။

ဒီအဖြစ်အပျက်ကြေင့်ပဲ နောက်ပိုင်းမှာတဖြေးဖြေးနဲ့ ဒီအိမ်လေးထဲမှာ နေထိုင်ရဲတဲ့သူ မရှိကြတော့ပဲ အခုဆိုရင် ခြောက်ကပ်တိတ်ဆိတ်ပြီး ကလေးသူငယ်ခြောက်တဲ့ Potato House အဖြစ်သာ ဒေသခံတွေကြားထဲမှာ နာမည်ကျန်ရှိနေခဲ့ပါတော့တယ်။

photo credit - Lifeboyan
photo credit - Lifeboyan

သတင်း အရင်းအမြစ်Lifeboyan

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T