နျူကလိယဗုံးလက်နက်တွေကို ထုတ်လုပ်နိုင်တဲ့ ပစ္စည်းကိရိယာတွေ မြောက်ကိုရီးယားနိုင်ငံမှာ အများအပြားရှိနေကြောင်း The Japan Times မှာဖော်ပြထားပါတယ်။

အဆိုပါပြောကြားမှုကို မြောက်ကိုရီးယားဆိုင်ရာအမေရိကန်အကြံပေးအဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်ပြီး

မြောက်ကိုရီးယားနိုင်ငံရဲ့ ယွန်ဗြောင်နျူကလိယား စက်ရုံကိုစောင့်ကြည့်လေ့လာနေတဲ့ 38North အဖွဲ့ရဲ့ ဂြိုလ်တု ဓာတ်ပုံတွေအရ အခုလို ထုတ်ပြန်လိုက်တာပါ။ 

မြောက်ကိုရီးယားက လက်တလောပြုလုပ်ထားတဲ့ ဒုံးကျည်စမ်းသပ်မှုတွေအပေါ် နိုင်ငံတကာရဲ့ စိုးရိမ်မှုတွေမြင့်တက်နေချိန်မှာ 38Northက အခုလို ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

Aung

သတင်းအရင်းမြစ် The Japan Times

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။