အငြင်းပွားဖွယ် အဆောက်အဦးစီမံကိန်းနဲ့ ပတ်သက်ပြီး ပြိုင်ဘက်လွှတ်တော်အမတ် တွေကြား အပြန်အလှန်အငြင်းပွားရင်း တရုတ်(တိုင်ပေ)လွှတ်တော်အတွင်း အဓိကရုဏ်းဖြစ်ပွားခဲ့တယ်လို့ Sputnik Internationalသတင်းမှာ ဖော်ပြထားပါတယ်။ 

အဆိုပါအငြင်းပွားဖွယ် အဆောက်အဦးစီမံကိန်းဟာ သမ္မတဆိုင်အင်ဝမ် လက်မှတ်ရေးထိုးအတည်ပြုဖို့ တင်သွင်းချက်တွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ 

အမေရိကန်ဒေါ်လာ (၁၀)ဘီလီယံကျော် ကုန်ကျနိုင်ဖွယ် ရှိတဲ့စီမံကိန်းအတွင်း မီးရထားလမ်းကြောင်းအသစ် တွေတည်ဆောက်တာ၊ ရေကြီးမှုကို ထိန်းချုပ်လုပ်ဆောင်တာတွေနဲ့ စွမ်းအင်စက်ရုံတည်ဆောက်တာတွေ ပါဝင်ပေမယ့် ကုန်ကျစရိတ်များပြားမှုကြောင့် ဝေဖန်မှုတွေထွက်ပေါ်နေတယ်လို့ သတင်းအရင်းအမြစ်တွေကဆိုထားပါတယ်။

Aung 

သတင်းအရင်းမြစ် Sputnik International

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။