သံဃာတော်တွေရဲ့ နောက်ကြောင်းရာဇဝင်နဲ့ပတ်သတ်ပြီးတော့ အထူးမှတ်ပုံတင်ကဒ်တွေကို မှာထုတ်ပေးဖို့စီစဉ်နေကြောင်းChannel NewsAsia မှာဖော်ပြထားပါတယ်။

အဆိုပါ အဆင့်မြင့်မှတ်ပုံတင်ကို (၃)လအတွင်း ထိုင်းနိုင်ငံမှာ ထုတ်ပေးသွားမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်ရုံးရဲ့အကြီးတန်းအရာရှိက ပြောကြားခဲ့တာပါ။မကြာသေးခင်ကာလအတွင်း ဘုန်းကြီးကျောင်းတွေမှာ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေ၊ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်တဲ့ လူသတ်မှုတွေ ဆက်တိုက်ဆိုသလို ထိုင်းနိုင်ငံအတွင်းဖြစ်ပွားလျှက်ရှိပြီး အဆိုပါကိစ္စရပ်တွေအတွက် စစ်အစိုးရက ထိုင်းဗုဒ္ဓဘာသာတွေရဲ့ အမြင့်ဆုံးအဖွဲ့အစည်းဖြစ်တဲ့ သံဃာ့နာယကအဖွဲ့ဝင်(၃)ဦးနဲ့ တွေ့ဆုံပြီးနောက် အခုလို လုပ်ဆောင်ဖို့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ 

ထုတ်ပေးသွားမယ့် ဒီဂျစ်တယ်နည်းပညာနဲ့ အဆင့်မြင့်မှတ်ပုံတင်ကဒ်တွေဟာ သံဃာတော်တွေရဲ့ သာသနဘောင်အတွင်းက မှတ်တမ်းအသစ်ကို ခြေရာခံနိုင်မှာဖြစ်တဲ့အပြင် ရာဇဝတ်မှု ပြစ်ချက် ဒါမှမဟုတ် မူးယစ်ဆေးဝါး သုံးစွဲထားတဲ့ ပြစ်ချက်ရှိ၊မရှိ သိရှိနိုင်မှာပါ။

Aung 

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။