မကြာသေးခင်ကထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ ဆီးရီးယားနိုင်ငံရဲ့ ISစစ်သွေးကြွ အုပ်စုခေါင်းဆောင် အဘူဘာကာ အယ် ဘဂ္ဂဒက်ဒီ သေဆုံးမှုက အမှန်တကယ် တရားဝင်သက်သေမရရှိသေးကြောင်း Channel NewsAsia မှာဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံ Deir Ezzor ပြည် နယ်ရဲ့ ISခေါင်းဆောင်ဆီက ကြားသိရတဲ့ သတင်းအချက်အလက်အရ ဗြိတိန် နိုင်ငံအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေးစောင့်ကြည့် လေ့လာရေးအဖွဲ့က ဘဂ္ဂဒက်ဒီသေဆုံးပြီဖြစ်ကြောင်း ပြီးခဲ့တဲ့အပတ်က ထုတ်ပြန်ခဲ့တာပါ။

လက်ရှိကာလမှာ သေဆုံးတယ်လို့သတင်းထွက်ပေါ်နေတဲ့ISစစ်သွေးကြွ အုပ်စုခေါင်းဆောင် အဘူဘာကာ အယ် ဘဂ္ဂဒက်ဒီ သေဆုံးမှုကို အတည် ပြုဖို့ သက်သေ အထောက်အထား မရှိသေးဘူးလို့ ပင်တဂွန်စစ်ဌနချုပ်အကြီးအကဲ ဂျင်မက်တစ်ကပြောပါတယ်။

Aung 

သတင်းအရင်းမြစ် Channel NewsAsia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။