ကိုယ့်အိမ်မှာ ကြောင်မွေးထားခြင်းဖြင့် မကောင်းတဲ့ ‌အမှောင်ယောဂရန်တွေကို ကာကွယ်ပေးသည်ဟုဆို

//s9.kh1.co/78/784e92e4d378dc6d8cb6d122129a6fb84c99a930.jpeg
ဗဟုသုတအဖြာဖြာ

 ၂၄-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးတို့ အိမ်မှာ ကြောင်တွေမွေးထားပါသလား။ ဘာကြောင့်လဲဆိုတော့ ကြောင်တွေမှာ သူတို့ကိုမွေးထားတဲ့အိမ်ကို မကောင်းတဲ့အရာတွေ၊ ၀ိညာဉ်တွေ၊ အမှောင့်အယောဂရန်တွေကနေ ကာကွယ်ပေးနိုင်တဲ့အစွမ်းရှိတယ်လို့ ဆိုပါတယ်။ ကြောင်တွေဟာ အနည်းငယ်တော့ စွာပေမယ့်လဲ ချစ်ဖို့ကောင်းပြီး တည်ငြိမ်တဲ့ တိရစ္ဆာန်လေးတွေပါ။

https://s9.kh1.co/__image/w=650,h=488,q=100/44/449f3e4dfa040b2964736e38d6c27a348506552b.jpg
https://s9.kh1.co/__image/w=650,h=366,q=100/39/3978cb60fa5cebfdad64b1a555ca23a6d2245142.jpeg

ကြောင်တွေဟာ သမိုင်းကြောင်းတစ်လျှောက်မှာကြည့်ရင် ခွေးတွေထက် သူတို့ရဲ့အကြောင်းက သမိုင်းပိုတွင်နေတာကို တွေ့ရမှာပါ။ အီဂျစ်မှာကြောင်တွေကို နတ်ဘုရားသဖွယ် ကိုးကွယ်ခဲ့ပြီး ကြောင်တွေနဲ့ပတ်သတ်တဲ့ အယူအဆတွေအမျိုးမျိုးရှိတတ်ကြပါတယ်။ ဒါကိုလဲ ပရိသတ်ကြီး တချို့သိရှိကြမယ်လို့ထင်ပါတယ်။

https://s9.kh1.co/__image/w=346,h=600,q=100/72/726f888ccf1491cc83f3bde0f8859180e195539d.jpg

ကြောင်တွေဟာ တစ်နေရာတည်းမှာပဲထိုင်ပြီး အရာတစ်ခုကို မမှိတ်​မသုန်​စိုက်ကြည့်နေတာမျိုး၊ လူတွေနားမလည်တဲ့ ထူးဆန်းတဲ့အရာတွေလုပ်နေတတ်တာမျိုးကို သင်မြင်ဖူးပါလိမ့်မယ်။ တစ်ကယ်တော့ ဒါဟာ သင့်ရဲ့အိမ်ကို ကာကွယ်ပေးနေတာပဲဖြစ်တယ်လို့ ဆိုပါတယ်။ ရုရှားမှာနေထိုင်တဲ့ အချို့သောသူတွေဟာ အိမ်သစ်တစ်အိမ်ကိုပြောင်းတော့မယ်ဆို အဆိုပါအိမ်ကို ကြောင်တစ်ကောင်အရင်စေလွှတ်တတ်ပါတယ်။ သူတိူ့ရဲ့အယူအရ ကြောင်ဟာ အိမ်ထဲမှာရှိတဲ့ မကောင်းတဲ့အငွေ့အသက်တွေကို ဖယ်ရှားပေးနိုင်လို့ လို့ဆိုပါတယ်။

https://s9.kh1.co/__image/w=650,h=434,q=100/78/784e92e4d378dc6d8cb6d122129a6fb84c99a930.jpeg

သတင်း အရင်းအမြစ်Wildlife

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T