ခွေးတွေအိပ်ပျော်နေစဉ် မက်တဲ့အိမ်မက်ဟာ သူ့သခင်ကိုသာ အိပ်မက် မက်လေ့ရှိ

//s9.kh1.co/15/15fb443d76260fe1d27d6a2828967455ef841203.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

သင့်ရဲ့အိမ်မွေးတိရစ္ဆာန်အချစ်တော်ခွေးလေးတွေ အိပ်ပျော်နေတဲ့အချိန် ဘာကို အိပ်မက်မက်နေမလဲ စဉ်းစားကြည့်ဖူးပါသလား။ ဟားဗတ်တက္ကသိုလ်က လေ့လာတွေ့ရှိချက်တစ်ခုအရ ခွေးတွေဟာ အိပ်ပျော်တဲ့အချိန်မှာ သူတို့နဲ့အနီးဆုံး၊ သူတို်အတွယ်တာဆုံး သူတို့သခင်ကိုသာ အိပ်မက်မက်တတ်ကြပါတယ်။ ဒါကြောင့်လဲ ခွေးတွေဟာ သစ္စာရှိတယ်လို့ လူအတော်အများက သတ်မှတ်ထားကြတာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/15/15fb443d76260fe1d27d6a2828967455ef841203.jpg

ဟားဗတ်ဆေးတက္ကသိုလ်က စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Dr. Deirdre Barette ဟာ ခွေးတွေ အိပ်ပျော်တဲ့အခါ ဘာကို အိပ်မက်မက်တတ်မလဲဆိုတာကို လေ့လာခဲ့ပါတယ်။ လေ့လာတွေ့ရှိမှုအရတော့ ခွေးတွေဟာ လူတွေနဲ့ အိပ်တဲ့အချိန် ဦးနှောက်လှုပ်ရှားတာ ခပ်ဆင်ဆင်ဖြစ်ပြီး သူတို့နဲ့အနီးဆုံးအရာကို အိပ်မက်မြင်မက်လေ့ရှိကြောင်းသိရပါတယ်။ ခေတ်ကြီးပြောင်းလဲလာတာနဲ့အမျှ တိရစ္ဆာန်တွေရဲ့အကြောင်းကိုလဲ ပိုမိုသိရှိလာကြပြီဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=483,q=100/1a/1ae58b454d3445988f464c03ecb7f78c1230e164.jpeg
https://s9.kh1.co/__image/w=650,h=352,q=100/fa/fa5f8e9e0fffce50ef1fb1c4166a9c22efb4474b.jpg

" လူတွေက သူတို့စိတ်ဝင်စားတဲ့အရာ၊ ခေါင်းထဲမှတ်ထားမိတဲ့အရာတွေကို အိပ်မက်မက်တတ်သလိုပဲ ခွေးတွေကလဲ သူတို့နဲ့အနီးဆုံး သူတို့သခင်အကြောင်းကို အိပ်မက်မက်တတ်ကြပါတယ်။ သူတို့သခင်ရဲ့မျက်နှာ၊ အနံ၊ လှုပ်ရှားမှု၊ အသံအာရုံ စတာတွေကို မက်နိုင်တာဖြစ်ပြီး တစ်နေ့တာ သူတို့သခင်ကို ဘယ်လိုဒုက္ခပေးတာ၊ ဘယ်လိုပျော်အောင်လုပ်ပေးတာကအစ မက်နိုင်ပါတယ်" လို့ Dr.Deirdre ကနေပြောကြားခဲ့ပါတယ်။ တခြားသော တိရစ္ဆာန်တွေမှာလဲ လူတွေလေ့လာနေစဲဖြစ်တဲ့ ကိစ္စတွေရှိနေကြတုန်းပါပဲ။ အဲ့ဒီခါကျရင်လဲ ခုလို ထူးဆန်းတဲ့အကြောင်းအရာတွေကို လေ့လာတွေ့ရှိနေအုန်းမှာပါ။

https://s9.kh1.co/__image/w=400,h=400,q=100/43/4374d7862f3db4c416b96924cd273366cba8dcf1.jpg

သတင်း အရင်းအမြစ်Wildlife

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T