တောင်ကိုရီးယားနိုင်ငံမှာ အသက်(၇၀)အရွယ် အဖွားအိုရဲ့ မိတ်ကပ်လိမ်းနည်းဗီဒီယိုတွေဟာ ယူကျုအသုံးပြုသူတွေအကြား ရေပန်းစားလာတယ်လို့ AP သတင်းမှာဖော်ပြထားပါတယ်။
အဖွားအို Park Makrye ဟာ ဗီဒီယိုအတွင်း စတိုင်ကျကျ ဝတ်ဆင်ထားခြင်း မရှိပေမဲ့လည်း သူ့ရဲ့ မိတ်ကပ်လိမ်းနည်း ဗီဒီယိုတွေကို တောင်ကိုရီးယားနိုင်ငံသားတွေကို သဘောကျနှစ်သက်ကြတယ်လို့ ဆိုပါတယ်။
"Grandma's Diary" ဆိုတဲ့ ယူကျုပေါ်က သူ့ရဲ့ဗီဒီယိုတွေဟာ ငယ်သူငယ်ချင်းတွေနဲ့ ပြန်လည်ပေါင်းစည်းပေးနိုင်ခဲ့တယ်လို့လည်း ပြောပါတယ်။ ယူကျုပေါ် မထင်ရှားစဉ်အချိန်က သူ့ရဲ့ဘဝဟာ အဓိပ္ပာယ်မရှိဘဲ ဖြစ်နေပြီး ဒီလို ယူကျုမှာပြီး ထင်ရှားလာချိန်မှာတော့ သူ့ရဲ့ဘဝဟာ အသက်(၇၀)ကျော်မှာ စတင်လာတယ်ဆိုတာကို သတိထားမိလာတယ်လို့ ဆိုပါတယ်။
Aung
သတင်းအရင်းမြစ် AP
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။