ပရိသတ်ကြီးအတွက် ဒီတစ်ခါ ထူးထူးဆန်းဆန်း ဖော်ပြပေးချင်တာကတော့ လူစင်စစ်ကနေ မိမိကိုယ်ကို နဂါးအဖြစ်အသွင်းပြောင်းလဲပလိုက်တဲ့ အမျိုးသမီးတစ်ဦး အကြောင်းကို ဖော်ပြပေးချင်ပါတယ်။ Eva Tiamat Medusa ဆိုတဲ့ အမျိုးသမီးဟာ အမေရိကန် Texas ပြည်နယ်မှာ နေထိုင်သူတစ်ဦး ဖြစ်ပြီး အရင်က ဘဏ်တစ်ခုရဲ့ မန်နေဂျာလည်း ဖြစ်ပါတယ်။


လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကတည်းက သူမဟာ အလုပ်ထွက်ခဲ့ပြီး သူမ ငယ်စဉ်ကတည်းက မက်ခဲ့တဲ့ အိမ်မက်တစ်ခုကို စတင်အကောင်အထည်ဖော်ဖို့ စီစဉ်ပါတော့တယ်။ သူမဟာ ထိုအချိန်မှ စပြီး နဂါးနဲ့ ပုံစံတူဖို့အတွက် စတင်ပြောင်းလဲမှုတွေ လုပ်ခဲ့ပါတယ်။ ပထမဦဆုံး သူမရဲ့ အသားအရေကို နဂါးရဲ့ အကြေးခွံတွေနဲ့ တူအောင် လို့ ခန္ဓာကိုယ်အနှံ့မှာ နဂါး အကြေးခွဲပုံစံ တက်တူးတွေ ထိုးခဲ့ပါတယ်။


ဒါ့အပြင် မျက်နှာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ အပြင် လျှာကိုပါ နှစ်ခွ ဖြစ်အောင် ခွဲစိတ်လိုက်ပါတယ်။ အခုလို နဂါးအဖြစ်ပြောင်းလဲ ခွင့်ရဖို့ အတွက် ဒေါ်လာ ၆၃၀၀၀ လောက် အသုံးပြုခဲ့ရတယ်လို့လည်း သိရပါတယ်။ သူမဟာ အခုအခါမှာတော့ ငယ်စဉ်က အရမ်း ဖြစ်ချင်ခဲ့တဲ့ အိပ်မက်တစ်ခုကို အကောင်အထည် ဖော်ခွင့်ရလိုက်တဲ့အတွက် အလွန် ပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။


သတင်းအရင်းမြစ်: Poz
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။