တစ်ခါတစ်လေမှာတော့ ကိုယ်ရဲ့စိတ်ထဲကလုပ်ချင်တဲ့အတိုင်း လုပ်လိုက်တဲ့အရာတစ်ခုကို အခြားသူတွေအနေနဲ့ နားလည်ရခက်တဲ့ အခိုက်အတန့်မျိုးတွေရှိတတ်ပါတယ်။အဲ့ဒီလိုပဲ Essex မြို့မှာနေထိုင်တဲ့ Torz Reynolds ဆိုတဲ့ အမျိုးသမီးတစ်ဦးဟာဆိုရင်လည်း သူမရဲ့လက်ကိုဖြတ်ပြီး လည်ဆွဲအနေနဲ့ ပြန်လည်ဝတ်ဆင်ခဲ့ပါတယ်။ သူမရဲ့ခံယူချက်နဲ့ သူမကတော့ အဆင်ပြေပေမယ့် ဒီအဖြစ်ပျက်ကိုသိရတဲ့ အခြားသူတွေအတွက်တော့ နားလည်ရခက်တဲ့ ဖြစ်ရပ်တစ်ခုပါပဲ။

Torz ဟာ သူမရဲ့လက်သန်းကို ကိုယ်တိုင်လှီးဖြတ်ခဲ့ပြီး မပုပ်မသိုးအောင် ဆေးစိမ်ကာ ဖန်ဘူးလေးတစ်ဘူးထဲမှာ အရင်ဆုံးသိမ်းထားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ သူမဟာ လည်ဆွဲအဖြစ်ဝတ်ဆင်ဖို့ ဆန္ဒဖြစ်ပေါ်လာခဲ့တာကြောင့် လည်ပင်းမှာဆွဲပြီး လော့ကတ်တစ်ခုအနေနဲ့ ဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်။သူမအခုလို လက်သန်းကို ဖြတ်လိုက်ရတဲ့ အကြောင်းရင်းကတော့ လက်သန်းမရှိတော့တဲ့နောက်မှာ နေထိုင်ဖြတ်သန်းရမယ့် ဘဝအခြေအနေကို သိရှိခြင်တာကြောင့်ပဲ ဖြစ်ပါတယ်။


ဒါ့အပြင် သူမဟာ ခန္ဓာကိုယ်ကို ဖောက်ထွင်း ဖြတ်ထုတ်ပီး အလှဆင်ရတာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းကလည်း လက်မောင်းထားထိုးထားတဲ့ တက်တူးရဲ့အရည်ပြားကို ခွာပြီး သူမကိုအရှက်ရအောင်လုပ်ခဲ့တဲ့ ရည်းစားဟောင်းကို ပေးပို့ခဲ့သေးတယ်လို့ သိရပါတယ်။သူမရဲ့ ပြတ်သားတဲ့ စိတ်ဓာတ်နဲ့ လုပ်ရဲကိုင်ရဲရှိပုံကတော့ တကယ့်ကို အံသြစရာပါပဲ။


သတင်းအရင်းမြစ်: Mirror
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။