ကျန်းမာရေးအတွက် ကောင်းကျိုးတွေရစေဖို့ ဘီယာသောက်ကြမယ်

//s9.kh1.co/1e/1ec8dc281f7fc29675a02db24eb84e6982f78073.jpg
ဗဟုသုတအဖြာဖြာ

 ၂၄-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၃ နှစ် က

.

ဘီယာသောက်တယ်ဆိုတာဟာ အလွန်အကျွံ့သောက်တယ်ဆိုရင်တော့ ဘေးဖြစ်နိုင်ပေမယ့် ဆေးဖြစ်ဝါးဖြစ်သောက်မယ်ဆိုရင်တော့ ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရရှိစေပါတယ်။ ဒါ့ကြောင့် ပရိသတ်တွေအတွက် ဒီတစ်ခေါက်မှာဆိုရင်လည်း ဘီယာသောက်သုံးရာကနေ ရရှိမယ့် ကောင်းကျိုးလေးတွေကို ဖော်ပြပေးချင်ပါတယ်။

photo credit - pngtree
photo credit - pngtree

ဘီယာသောက်သုံးရာကနေ ရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကတော့

၁။ ဘီယာသောက်ခြင်းဟာ နှလုံးအတွက် ကောင်းမွန်စေပြီး နှလုံးရောဂါတိုက်ခိုက်မှုကို ၂၅ % မှ ၄၀ % အထိ လျော့ချပေးနိုင်ပါတယ်။

၂။ ဘီယာမှာ ပါဝင်တဲ့ ပစ္စည်းတွေဟာ လူ့ခန္ဒာကိုယ်တွင်းမှာရှိတဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို ကျစေပြီး ကောင်းမွန်တဲ့ ကိုလက် စထရောတွေကိုသာ တက်စေတာပဲ ဖြစ်ပါတယ်။

၃။ ဒါ့အပြင် ဘီယာသောက်သုံးသူတွေဟာ အရိုးများကို ကျစ်လျစ်သန်မာစေပြီး ဘီယာမှာ ပါဝင်တဲ့ ဆီလီကုန်း (Silicone) က အရိုးနဲ့ ကြွက်သားများကို တွဲဆက်ပေးထားတာပဲ ဖြစ်ပါတယ်။

၄။ နောက်ထပ် ထူးခြားတဲ့ အချက်ကတော့ ဘီယာသောက်ခြင်းဟာ ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို ကာကွယ်ပေးနိုူင်ပြီး နေ့စဉ်ပုံမှန်သောက်သုံးပါက ကျောက်တည်ခြင်းကို ၄၀ % အထိ လျော့ချပေးနိုင်ပါသေးတယ်။

၅။ ဆီးချိုရောဂါကိုလည်း ကာကွယ်ပေးနိုင်ပြီး သင့်င့်မျှတစွာသောက်သုံးပါက Type 2 Diabetes ဖြစ်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

၆။ ဒါ့အပြင် ဘီယာသောက်ခြင်းဖြင့် စိတ်ဖောက်ပြန်ခြင်း Dementia မဖြစ်နိုင်အောင်ကာကွယ်ပေးပြီး အသက်အရွယ်ကြီးလာတဲ့အခါ ဖြစ်တတ်တဲ့ ဓါတ်တိုးဖိစီးမှုကိုလည်း ညီယာသောက်ခြင်းဖြင့် တားဆီးနိုင်ပါသေးတယ် ။

ဘီယာသောက်သုံးရာကနေ ဒီအကျိုးကျေးဇူးလေးတွေဟာ ဘီယာချစ်သူတွေအတွက်တော့ စိတ်ချမ်းသာစရာကောင်းစေမယ် လို့ထင်ပါတယ်။

photo credit - pngtree
photo credit - pngtree

သတင်း အရင်းအမြစ်healthline

Ye Min Oo
Sky

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T