တောင်ကိုရီးယား အမျိုးသားအဆိုတော်အဖွဲ့ WINNER အဖွဲ့ဝင် နမ်ထယ်ဟွန်း နှင့် မင်းသမီး Jung Ryeo Won တို့ နှစ်ဦးသည် တွဲနေကြောင်း သတင်းများ ထွက်ပေါ်လျက်ရှိသည်။

နမ်ထယ်ဟွန်းနှင့် Jung Ryeo Won တို့သည် သူငယ်ချင်းတစ်ယောက်၏ မိတ်ဆက်ပေးမှုမှ တဆင့်သိကျွမ်းခဲ့ကြပြီးအနုပညာ အပေါ်စိတ်ဝင်စားမှုရှိတာကြောင့် အချိန်တိုအတွင်းမှာပဲ ရင်းနှီးခဲ့ကြသည်။ထို့နောက် ချစ်သူများဖြစ်ခဲ့ကြကြောင်းနှင့် ၎င်းတို့နှစ်ဦးတွဲနေသည်မှာခန့်မှန်းခြေအားဖြင့် တစ်နှစ်နီးပါးရှိပြီဖြစ်ကြောင်း သတင်းတစ်ခုမှသိရသည်။

နမ်ထယ်ဟွန်းနှင့် Jung Ryeo Won တို့ကို လွန်ခဲ့သော ရက်ပိုင်းအတွင်းက ဂမ်းနန်ဒေသ Shinsa-dong ရှိ ကော်ဖီဆိုင်တွင် နှစ်ယောက်အတူတွေ့ရှိခဲ့ကြသည်။

သို့သော် Jung Ryeo Won ၏ အေဂျင်စီက ထိုသတင်းသည် အမှားကြီးဖြစ်ကြောင်း ပြောကြား၍ငြင်းပယ်ခဲ့ပြီး နမထယ်ဟွန်းနှင့် Jung Ryeo Won တို့သည် သူငယ်ချင်းများသာဖြစ်ပြီး ၎င်းတို့နှစ်ဦးတွဲနေသည်ဆိုသည်မှာလည်း မှားယွင်းကြောင်းပြောကြားခဲ့ပါသည်။

လက်ရှိအချိန်တွင် Jung Ryeo Won သည် ၃၅ နှစ်ရှိပြီး နမ်ထယ်ဟွန်းသည် ၂၂နှစ်သာရှိကြောင်းလည်း ဖော်ပြထားပါသေးသည်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။