ကလေးသရဲတွေရဲ့ ဖျက်စီးခြင်းကိုခံလိုက်ရတဲ့ ဆေးရုံးကြီး

//s9.kh1.co/b0/b09dd887852622633d8fe500763aeca96046cfd1.jpg
ဗဟုသုတအဖြာဖြာ

 ၂၇-ဒီ-၂၀၂၀ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

မေရိကန် နိုင်ငံ အရှေ့ဘက်၊ အိုကလာဟိုးမား ပြည်နယ် ကဆေးရုံကြီး တစ်ရုံဟာ ၁၉၂၁ ခုနှစ်ကတည်ဆောက်ခဲ့ပြီး တီဘီ ရောဂါ ခံစားနေရတဲ့ ကလေးငယ်တွေကို ကုသပေးခဲ့ပါတယ်။ နောက်ပိုင်း ခေတ်တွေ တိုးတက်လာတော့ ဆေးရုံကြီး ရဲ့ ၀န်ဆောင်မှု တွေ ဟာ မလိုအပ်တော့တာကြောင့် ၁၉၇၅ ခုနှစ်မှာ ပိတ်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/1e/1eb833e20d01fbc6efb416ef64bfd7d7e1aef61d.jpg
https://s9.kh1.co/__image/w=600,h=424,q=100/6f/6fce1e68cc9b6fff5a87e98903651ad3fdcc4c97.jpg

တစ်နေ့မှာ တော့ အမေရိကန် ဓာတ်ပုံဆရာတစ်ယောက်ဟာ အဲ့ဒီ့ ဆေးရုံကြီးကို ရှေးဟောင်းအဆောက်အအုံ လက်ရာတွေကို ဓာတ်ပုံရိုက်ကူးဖို့ သွားရောက်ခဲ့ပါတယ်။ အဲ့ဒီ့မှာ အံ့သြစရာ တွေ တွေ့ခဲ့ရပါတယ။် ဆေးရုံကြီး ရဲ့ တံခါးတွေ၊ ပြတင်းပေါက်တွေ အကုန်လုံးကို အသေအချာ သော့ခတ် ထားတာပါ။ အထဲကို မည်သူမျှ လွယ်လွယ်ကူကူ ၀င်လို့မရပါဘူး။ အဲ့ဒါနဲ့ ဓာတ်ပုံဆရာဟာ ဆေးရုံထဲကို ၀င်လို့ရမယ့် ၀င်ပေါက်ကို ခက်ခက်ခဲခဲ ရှာခဲ့ရပါတယ်။

https://s9.kh1.co/__image/w=600,h=400,q=100/61/61fab7996e4aa971fd0f9804b3c9cd3515f61d43.jpg
https://s9.kh1.co/__image/w=600,h=400,q=100/dc/dcd0e26e80bc1cdd63b714dc8079436a46c0f7cb.jpg

အထဲလည်းရောက်ရော ဆေးရုံကြီး ဟာ လုံးဝ ဖျက်စီးခံထားရတာကို တွေ့ရပါတယ်။ အဲ့ဒီ့ ဆေးရုံကြီး ရဲ့ တံခါးတွေ ပြတင်းပေါက်တွေ၊ လှေခါးတွေ၊ နံရံတွေ၊ အကုန်လုံးဟာ ဖျက်ဆီးခံထားရပါတယ်။ နောက်မှဒေသခံ တွေထဲရောက်ဖူးတဲ့သူတွေကိုမေးကြည့်တော့ အဲ့ဆေးရုံကြီးမှာ ညညဆို ကလေးသရဲတွေ သောင်းကျန်းပြီး ဖျက်ဆီးလေ့ရှိတယ်လို့ သိရတာပါ။ ဓာတ်ပုံဆရာ ကတော့ ဆေးရုံထဲ ၀င်ပြီး အမိအရ မှတ်တမ်းတင်ခဲ့ပါတယ်။

https://s9.kh1.co/__image/w=600,h=404,q=100/4f/4f9e595b67c0d6694c5a3476374367dd3e652747.jpg
https://s9.kh1.co/__image/w=600,h=399,q=100/b0/b09dd887852622633d8fe500763aeca96046cfd1.jpg
https://s9.kh1.co/__image/w=600,h=449,q=100/91/912738da5c0b269e6f4205873f88d20d7240c2e8.jpg

သတင်း အရင်းအမြစ်The Mirror

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T