အသက်၂၉နှစ်အရွယ်ရှိ ရုရှားမော်ဒယ်ဖြစ်သူ Ekaterina Lisiniaဟာ အရပ် ၆ပေ ၉လက်မနဲ့ ကမ္ဘာ့အရပ်အရှည်ဆုံးမော်ဒယ်အဖြစ် ဂင်းနစ်စံချိန် ဝင်ဖို့အနေအထားရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ရှိ ကမ္ဘာ့အရပ်အရှည်ဆုံးမော်ဒယ်အဖြစ် သတ်မှတ်ခံထားရသူဟာ အရပ် ၅ပေ ၈လက်မသာ ရှိတဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ်။

Lisinia က လက်ရှိမှာတော့ သူမရဲ့နိုင်ငံအတွင်းမှာ အရပ်အရှည်ဆုံးအမျိုုးသမီးအဖြစ် သတ်မှတ်ခံထားရပြီး အသက် ၂၄နှစ်အရွယ်ကစလို့ မော်ဒယ်လုပ်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် သူမဟာ မိခင်ရုရှားနိုင်ငံကိုယ်စားအနေနဲ့ ၂၀၀၈ခုနှစ် ပေကျင်းအိုလံပစ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ပြီး ဆုတွေလည်းရယူဖူးပါတယ်။

Lisinia ဟာ ဂင်းနစ်စံချိန်ချိုးချင်တာ သူမရဲ့အရပ်တစ်ခုတည်းမဟုတ်ဘဲ ရှည်လျားလှတဲ့ သူမရဲ့ခြေထောက်တွေပါ ပါဝင်ပါတယ်။ သူမရဲ့ခြေတံတွေဟာ ၅၃.၄လက်မ ရှည်လျားပြီး လက်ရှိအရှည်လျားဆုံးရယ်လို့သတ်မှတ်ထားတဲ့ ကမ္ဘာ့စံချိန်ထက်တောင် ပိုနေပါသေးတယ်။

ဒါတင်မကပါဘူး။ Lisinia ရဲ့ မိသားစုဝင်တွေဟာလည်း အံ့သြစရာကောင်းအောင် အရပ်ခြောက်ပေကျော်သူတွေပါ။ အဖေဖြစ်သူက အရပ် ၆ပေ ၅လက်မ၊ မောင်ဖြစ်သူ Sergei က အရပ် ၆ပေ ၆လက်မနဲ့ မိခင်ဖြစ်သူကလည်း အရပ်၆ပေကျော်တယ်လို့သိရပါတယ်။ အရပ်အရှည်ဆုံးမိသားစုအဖြစ် ဂင်းနစ်စံချိန်တင်ဦးမှာလားဆိုတာတော့ မသိရသေးပါဘူး။

သတင်းအရင်းမြစ် Elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။