ကိုယ့်ရဲ့သမီးငယ်လေးကို နောင်တစ်ချိန်မှာ ထက်မြက်ပြီး အကြောက်အရွံ့မရှိတဲ့ Super woman တွေအဖြစ် ကြီးပြင်းလာအောင် ဘယ်လိုပြုစုပျိုးထောင်ရမလဲ။

၁။ စူးစမ်းလေ့လာရှာဖွေမှုကို အားပေးပါ။

သမီးငယ်လေးတွေကို တစ်ခုခုဖြစ်မှာကြောက်ပြီး အိမ်ထဲမှာပဲ မသွင်းထားပါနဲ့။ သူတို့ကို အပြင်ပေးထွက်ပါ၊ တခြားသူတွေနဲ့ပေးကစားပါ၊ တစ်ခါတစ်လေ ထိခိုက်အနာတရဖြစ်တာမျိုးတွေကို လက်သင့်ခံပေးပါ။ တစ်ချို့အခြေအနေတွေကို မိဘမပြောဘဲ သူတို့ဘာသာသူတို့ လေ့လာသင်ယူတတ်ပါစေ။

၂။ အချိန်တိုင်း သတိလှမ်းမပေးပါနဲ့။

ဒါမလုပ်နဲ့၊ ဒီကိုမသွားနဲ့၊ ဒါမစားနဲ့ဆိုတာမျိုးတွေက အစိုးရိမ်လွန်တတ်တဲ့မိဘတိုင်း တစ်တွတ်တွတ်ပြောနေကြတတ်ပါတယ်။ ဒါဟာ သင့်ကလေးငယ်ကို သူတို့ကိုယ်သူတို့ ယုံကြည်မှုလျော့ကျစေပြီး အားနည်းတယ်၊ အကာအကွယ်လိုအပ်တယ်လို့ သူတို့ကိုယ်သူတို့ ယူဆသွားပါလိမ့်မယ်။ လုပ်ရဲကိုင်ရဲအောင် တစ်ခါတစ်လေ လွှတ်ထားပေးလိုက်ပါ။

၃။ သတ္တိရှိအောင် သင်ပေးပါ။

သတ္တိရှိအောင် သင်ပေးပါလို့ဆိုတိုင်း လုံးဝ လွှတ်ထားဖို့ပြောတာ မဟုတ်ပါဘူး။ မိဘတွေအနေနဲ့ သူမကို စကားနဲ့ခွန်အားပေးပါ။ သတ္တိရှိလာအောင် အခြေအနေတစ်ခုချင်းစီ အချိန်ယူပြီး သင်ကြားပေးပါ။ နောက်ဆုံး ကလေးငယ်ကိုယ်တိုင် မှန်တယ်ထင်တဲ့ ဆုံးဖြတ်ချက်ကို ကိုယ်တိုင်ချနိုင်တတ်ပါစေ။

၄။ ကိုယ်တိုင်ကိုက စံပြဖြစ်အောင်နေပါ။

အထူးသဖြင့် သမီးငယ်တွေအတုယူစရာဆိုတာ သူတို့လေးတွေရဲ့ မိခင်တွေကိုယ်တိုင်ပါပဲ။ ဒါကြောင့်မို့ သင်ကိုယ်တိုင်ကိုယ်က သတ္တိရှိရှိနဲ့ ထက်မြက်ပြတ်သားရင် သင့်ရင်သွေးကလဲ သင့်ခြေရာနင်းနိုင်မှာ သေချာပါတယ်။

သတင်းအရင်းမြစ် Elitereaders

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။